November 19, 2026

စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း တန်ဖိုးကွင်းဆက်များအ တွက် P-CRAFT အစီအစဉ်ကို ဗီယက်နမ်နိုင်ငံ မိတ်ဆက်

The Farmer Times၊ နိုဝင်ဘာ ၁၆ ရက်၊ ၂၀၂၆။

ဗီယက်နမ်အစိုးရနဲ့ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရေရှည်တည်တံ့ကာ ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိတဲ့ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်း တန်ဖိုးကွင်းဆက်တွေ တည်ဆောက်ဖို့ ရည် ရွယ်တဲ့ P-CRAFT အစီအစဉ်ကို တူရကီနိုင်ငံ၊ အန်တာလျာမြို့မှာ ကျင်းပနေတဲ့ COP31 ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံအတွင်း  နိုဝင်ဘာလ ၁၇ ရက် (မနက်ဖြန်)မှာ တရားဝင် မိတ်ဆက်ကြေ ညာ သွားမယ်လို့ သိရပါတယ်။

Partnership for Climate-smart and Responsible Agrifood Value Chains Transformation (P-CRAFT) လို့ အမည်ပေးထားတဲ့ ဒီအစီ အစဉ်ဟာ အစိုးရအဖွဲ့အစည်းတွေ၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးရေးမိတ်ဖက်တွေကို စုစည်းပြီး ထုတ်လုပ် သူ တောင်သူတွေအတွက် လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေ ဖော်ဆောင်ပေးနိုင်မယ့် စိုက်ပျိုးစားနပ်ရိက္ခာ တန်ဖိုးကွင်းဆက်တွေ ဖန် တီးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးမှု၊ မြေဆီလွှာပျက်စီးမှုနဲ့ သဘာဝသယံဇာတတွေအပေါ် ဖိအားမြင့်တက်လာမှုတွေဟာ ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးစားနပ်ရိက္ခာ စနစ်တွေအပေါ် အကြီးအကျယ် ရိုက်ခတ်နေပြီး သန်းနဲ့ချီတဲ့ တောင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု၊ စားနပ်ရိက္ခာ ဖူလုံရေးနဲ့ နိုင်ငံ တကာ ကုန်သွယ်ရေးတွေကို ခြိမ်းခြောက်လျက် ရှိနေပါတယ်။

ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့အတွက် စိုက်ပျိုးရေးနည်းစနစ်တွေကို ပြောင်းလဲရုံတင် မကဘဲ ထုတ်လုပ် မှုနဲ့ ရိတ်သိမ်းမှုကနေ ကုန်ချောထုတ် လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ကုန်သွယ်ခြင်းနဲ့ စားသုံးခြင်းအထိ တန်ဖိုးကွင်းဆက် တစ်ခုလုံးကို အသွင်ကူးပြောင်းဖို့ လိုအပ်နေတာကြောင့် အခုလို P-CRAFT အစီအစဉ်ကို ဖော်ဆောင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

P-CRAFT အစီအစဉ်ဟာ အဓိက မဏ္ဍိုင် ၃ ရပ်အပေါ် အခြေခံပြီး အကောင်အထည်ဖော်သွားမှာ ဖြစ် ပါတယ်။ ပထမအချက်အနေနဲ့ စိုက်ပျိုးစားနပ်ရိက္ခာ တန်ဖိုးကွင်းဆက်တစ်လျှောက် ပွင့်လင်းမြင်သာမှု၊ ကုန်စည်ထွက်ရှိရာ နောက်ကြောင်းပြန် လိုက်လံစစ်ဆေးနိုင်မှု (Traceability) နဲ့ ရေရှည်တည်တံ့မှုတို့ကို မြှင့်တင်ပေးမှာဖြစ်ပြီး ဈေးကွက်ယုံကြည်မှု ပိုမိုခိုင်မာလာစေဖို့ ရည်ရွယ်ပါတယ်။

ဒုတိယအချက်အနေနဲ့ ကာဗွန်ထုတ်လွှတ်မှု နည်းပါးပြီး ရာသီဥတုဒဏ် ခံနိုင်ရည်ရှိကာ သဘာဝပတ် ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ထုတ်လုပ် မှုစနစ်တွေကို ပံ့ပိုးပေးမှာဖြစ်ပြီး၊ ဒေသတွင်း ဂေဟစနစ်နဲ့ ကိုက် ညီတဲ့ စိုက်ပျိုးနည်းစနစ်တွေကို မြှင့်တင်ပေးခြင်းဖြင့် တောင်သူတွေနဲ့ ဒေ သခံအသိုင်းအဝိုင်းတွေရဲ့ ရာသီ ဥတုဘေးအန္တရာယ် ခံနိုင်ရည်စွမ်းကို မြှင့်တင်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေရှည်တည်တံ့တဲ့ စိုက်ပျိုးစားနပ်ရိက္ခာ စနစ်တွေဆီ အသွင်ကူးပြောင်းနိုင်ဖို့ လိုအပ်တဲ့ ဘဏ္ဍာ ငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စုစည်းပေးသွားမှာ ဖြစ်သလို၊ အသေးစားတောင်သူတွေ၊ သမဝါယမအ သင်းတွေနဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ (SMEs) အ နေနဲ့ အရင်းအနှီး၊ နည်းပညာနဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ ရရှိဖို့ အခက်အခဲရှိနေတာကြောင့် ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးရေးမိတ်ဖက်တွေနဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေကို ချိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ အသေးစားတောင်သူတွေ၊ ဒေသခံပြည်သူတွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေ အဓိပ္ပာယ် ရှိရှိ ပါဝင်ခွင့်ရရှိရေးကို အဓိက ဦးစားပေးထားပြီး တောင်သူတွေအနေနဲ့ ဗဟုသုတ၊ နည်းပညာနဲ့ ပံ့ပိုးမှု ဝန်ဆောင်မှုတွေကို ပိုမိုလက်လှမ်းမီလာကာ တန်ဖိုးမြင့် ထောက်ပံ့ရေးကွင်းဆက်တွေထဲ ဝင်ရောက်နိုင် မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့ COP31 ညီလာခံရှိ Viet Nam Pavilion မှာ ပြုလုပ်မယ့် မိတ်ဆက်ပွဲအခမ်းအနားကို အစိုးရကိုယ်စားလှယ်တွေ၊ နိုင်ငံ တကာအဖွဲ့အစည်းတွေ၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ် ငန်းရှင်တွေနဲ့ သုတေသနအဖွဲ့အစည်းတွေ တက်ရောက်ကြမှာဖြစ်ပြီး တောင်သူတွေရဲ့ ဝင်ငွေတိုးတက် ရေးနဲ့ အသက်မွေးဝမ်းကျောင်းမှု ခိုင်မာရေးတို့အတွက် လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ စ တင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

COP31 ညီလာခံကို တူရကီနိုင်ငံ၊ အန်တလျာမြို့ရှိ Blue Zone အတွင်း ကျင်းပနေတာဖြစ်ပြီး၊ ကမ္ဘာ့ အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ သုတေ သနအဖွဲ့ အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များမှ ကိုယ်စားလှယ်များ တက်ရောက်နေကြပြီး၊ ရာသီဥတု ပြောင်းလဲမှု၊ စိုက်ပျိုးရေးထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုအပေါ် ပိုမိုသက်ရောက်လာတဲ့ အခုလိုအချိန်မှာ P-CRAFT ဟာ အသိပညာမျှဝေရန်၊ အရင်းအမြစ်များ ချိတ်ဆက်ရန်နဲ့ ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့အကောင်အထည်ဖော်မှုအဖြစ် ပြောင်း လဲပေးနိုင်မယ့် ပလက်ဖောင်း တစ်ခုအဖြစ် ဆောင် ရွက်သွားရန် ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။

REF: VAN (Vietnam Agriculture Newspaper)

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.