အိန္ဒိယအစိုးရက ဝါဂွမ်းသွင်းကုန်အခွန် ကင်းလွတ်ခွင့်ကို ဒီဇင်ဘာလကုန်အထိ သက်တမ်းတိုးမြှင့်
The Farmer Times၊ နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂၆။
အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းအထည်အလိပ် လုပ်ငန်းတွေအတွက် ကုန်ကြမ်းလုံလောက်စွာ ရရှိစေဖို့နဲ့ ထုတ် လုပ်မှုကုန်ကျစရိတ် ဖိအားတွေကို လျှော့ချပေးနိုင်ဖို့အတွက် ဝါဂွမ်းတင်သွင်းမှုအပေါ် ကောက်ခံနေတဲ့ အကောက်ခွန်ကင်းလွတ်ခွင့်ကို အခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ နောက်ထပ် ၂ လ သက်တမ်းတိုးမြှင့် ပေးလိုက်တယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ထားပါတယ်။
အိန္ဒိယအစိုးရဟာ ပြီးခဲ့တဲ့ မေလအတွင်းက ဝါဂွမ်းသွင်းကုန်အပေါ် ကောက်ခံတဲ့ ၁၁ ရာခိုင်နှုန်း အ ကောက်ခွန်ကို ဇွန်လ ၁ ရက်နေ့ကနေ အောက်တိုဘာ ၃၁ ရက်နေ့အထိ ကင်းလွတ်ခွင့်ပေးထားခဲ့တာ ဖြစ်ပါတယ်။
နှစ်စဉ် အောက်တိုဘာလမှာ ဝါဂွမ်းသီးနှံအသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်လာချိန်မှာ ပြည်တွင်း ဝါ ဂွမ်းဈေးနှုန်းတွေ ကျဆင်းလေ့ရှိပေမယ့် အခုနှစ်မှာတော့ မုတ်သုံရာသီဥတုကြောင့် သီးနှံအထွက်နှုန်း လျော့ကျနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ပြည်တွင်းဝါဂွမ်းဈေးနှုန်းတွေ ဆက်လက်မြင့် မားနေတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ အခြေအနေကြောင့် အထည်အလိပ်စက်ရုံတွေဘက်က အခွန်ကင်းလွတ်ခွင့် သက်တမ်းတိုးပေး ဖို့ တောင်းဆိုခဲ့ကြပြီးနောက် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အခွန်ဦးစီးဌာနက အခုလို သက် တမ်းတိုးမြှင့်ကြောင်း တရားဝင် အသိပေးထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အခုလို သက်တမ်းတိုးမြှင့်လိုက်တာကြောင့် အထည်အလိပ်နဲ့ အဝတ်အထည် ထုတ်လုပ်သူတွေအနေနဲ့ ကုန်ကြမ်းရှာဖွေဝယ်ယူရာမှာ ပိုမိုလွယ်ကူအဆင်ပြေလာမှာ ဖြစ်သလို သွင်းအားစု ကုန်ကျစရိတ် ဖိအား တွေ လျော့ကျစေပြီး အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွား ရေးလုပ်ငန်းတွေ (MSMEs) ကို အထောက်အကူ ပြုစေမှာဖြစ်တယ်လို့ အထည်အလိပ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အိန္ဒိယ အထည်အလိပ်ထုတ်ကုန်တွေအနေနဲ့ ပြည်တွင်းဈေးကွက်မှာရော နိုင်ငံတကာ ဈေး ကွက်မှာပါ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုအား ကောင်းလာစေဖို့၊ လုပ်ငန်းတွေရဲ့ အထူးဝါဂွမ်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ အထည်အလိပ် တန်ဖိုးကွင်းဆက်တစ်လျှောက် တန်ဖိုးမြှင့် ထုတ်လုပ်မှုတွေ ပိုမို အားကောင်းလာစေဖို့ ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။
REF: The Economic Times
