July 11, 2026

မတ်ပဲနဲ့ ပဲစင်းငုံ အဝယ်လိုက်နေတာကြောင့် စျေးဆက်တိုက် မြင့်တက်နေပြီး၊ အောင် ပန်းအာလူး ပိဿာချိန် ၃ သောင်းကျော် စျေးကွက်ထဲ ဝင်ရောက်လာ

The Farmer Times မေလ ၁၅ ရက်၊ ၂၀၂၆

ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံကို ဈေး ကွက်အတွင်း အဝယ်လိုက်နေတာကြောင့် အရောင်းအဝယ် သွက်နေပြီး၊ မီးဖိုချောင်သုံး သီးနှံတွေဖြစ်တဲ့ ကြက်သွန်နဲ့ အာလူးကတော့ ဝင်ရောက်မှု ပုံမှန်ရှိနေတာကြောင့် ဈေးနှုန်းအတက်အကျ သိပ်မရှိဘဲ တည် ငြိမ်နေတာကို တွေ့ရပါတယ်။

ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ မေလ ၁၅ ရက်နေ့ ဈေးကွက်သုံးသပ်ချက်အရ ပို့ကုန်ပဲတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်းတွေဟာ မေလ ၁၄ ရက် (မနေ့ကထက်စာရင်) မနေ့ကထက်စာရင် ထပ်မံမြင့် တက်လာတာကို တွေ့ရပါတယ်။

ဒီနေ့မှာ မတ်ပဲ (FAQ/RC) တစ်တန်ကို ၃,၁၅၀,၀၀၀ ကျပ်အထိ ပေါက်စျေးရှိလာပြီး၊ မတ်ပဲ (SQ/RC) က တော့ တစ်တန်ကို ၃,၄၇၅,၀၀၀ ကျပ်အထိ ဈေးပေါက်နေပါတယ်။ ပဲစင်းငုံ (RC) ကတော့ တစ်တန်ကို ၃,၀၆၇,၀၀၀ ကျပ်အထိ မြင့်တက်လာတာကို တွေ့ရပါတယ်။

ပဲတီစိမ်း (ခရမ်းရွှေဝါ) ကတော့ တစ်ပိဿာကို ၆,၄၁၅ ကျပ်၊ ကုလားပဲဖြူလုံးကြီးက ၄,၂၆၀ ကျပ်နဲ့ ပဲကြီး (မြေလတ်) ကတော့ တစ်ပိဿာကို ၁၀,၆၂၀ ကျပ်အထိ ပေါက်ဈေးရှိနေပါတယ်။

ဆိပ်ဖြူကြက်သွန်နီနဲ့ မုံရွာကြက်သွန်နီတွေကတော့ တစ်ပိဿာကို အမြင့်ဆုံး ၂,၄၅၀ ကျပ်ဝန်း ကျင်မှာပဲ ဈေးငြိမ်နေပြီး၊ ဒီနေ့မှာ ဘုရင့်နောင်ကုန်စည်ဒိုင်ကို ဆိပ်ဖြူကြက်သွန်နီ (ကားစီးရေ ၉ စီး) ပိဿာချိန် ၅၄,၀၀၀ ခန့် ထပ်မံဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကြက်သွန်ဖြူ (ရှမ်း)ကတော့ အမျိုးအစားအလိုက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်အထိ ပေါက်စျေးရှိနေပြီး၊ ကြက်သွန်ဖြူ (ကြူကုတ်) ကတော့ တစ်ပိဿာကို ၁၈,၅၀၀ ကျပ်နဲ့ ဈေးတည်ငြိမ် နေပါတယ်။

အောင်ပန်းအာလူးကတော့ တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၂,၂၀၀ ကျပ်အတွင်း အရောင်း အဝယ် ဖြစ်နေပြီး ဒီနေ့မှာ ဒီနေ့မှာ ဘုရင့်နောင်ကုန်စည်ဒိုင်ကို အောင်ပန်းအာလူး (ကားစီးရေ ၆ စီး) ပိဿာချိန် ၃၆,၀၀၀ ခန့် ထပ်မံဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ငါးခြောက်ဈေးကွက်မှာတော့ ငါးရံ့ခြောက် (အကြီး) က တစ်ပိဿာကို ၁၀၀,၀၀၀ ကျပ်အထိ ပေါက် စျေးရှိနေပြီး၊ ငါးကွမ်းရှပ်ခြောက်ကတော့ တစ်ပိဿာကို ၄၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.