July 12, 2026

အာဆီယံဒေသတွင်း နိုင်ငံတကာ သတင်းများနှင့် ဈေးကွက်စီးပွားရေးရာ မြင်ကွင်း

The Farmer Timesမေလ ၁၆ ရက်၊ ၂၀၂၆

ထိုင်းနိုင်ငံသတင်း

ဘန်ကောက်မြို့တော်ဝန် ချာချတ် ရာထူးက နုတ်ထွက်ပြီး ဆေးခြောက်ရောင်းချမှု စည်းမျဉ်းများကို  တင်းကြပ်လိုက်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ဝန် ချာချတ် (Chadchart Sittipunt) ဟာ မေလ ၂၁ ရက်နေ့မှာ သက် တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် သက်တမ်းမပြည့်ခင်မှာပဲ ရာထူးကနေ ကြိုတင်နုတ်ထွက်သွားခဲ့တာ ဖြစ်ပါ တယ်။

ဒါ့အပြင် ထိုင်းရိုးရာနဲ့ အလှည့်ကျဆေးပညာဦးစီးဌာနက ဆေးခြောက်ကို ဆေးဝါးကုသမှု တစ်ခုတည်း အတွက်ပဲ သုံးစွဲခွင့်ပြုတော့မယ့် စည်းမျဉ်းအသစ်တွေ ထုတ်ပြန်ပြီးနောက် ဆေးခြောက်ရောင်းချမှုတွေ ကို စနစ်တကျ စတင်တင်းကျပ်နေပြီ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံသတင်း

နယ်စပ်စစ်ပွဲကြောင့် စစ်ရှောင်ရသူတွေကိုပဲ အိမ်ရာပေးဖို့ သမ္မတညွှန်ကြားပြီး စစ်တပ်ကို ပြုပြင် ပြောင်းလဲနေပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က နယ်စပ်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရတဲ့ စစ်ဘေးရှောင် ပြည် သူတွေအတွက် ယာယီအိမ်ရာတွေကို တကယ့်ဒုက္ခရောက်နေတဲ့ မိသားစုတွေပဲ ရရှိစေဖို့ ပွင့်လင်းမြင် သာစွာ စိစစ်ဝေမျှဖို့ ညွှန်ကြားလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ကာကွယ်ရေးဝန်ကြီးဌာနက စစ်တပ်အင်အားနဲ့ ဌာနခွဲတွေကို လျှော့ချတာ၊ ရုံးခန်း တွေ ပူးပေါင်းတာနဲ့ စစ်လက်နက်ပစ္စည်းတွေ အဆင့်မြှင့်တင်ဖို့ စစ်တပ်ပြုပြင်ပြောင်းလဲရေးတွေ လုပ် ဆောင်နေပါတယ်။

စင်ကာပူနိုင်ငံသတင်း

ပထမဆုံးအကြိမ် မူးယစ်ဆေးသုံးစွဲသူများအတွက် သတ်မှတ်ချက်တွေ ပြောင်းလဲပြီး ဒဏ်ငွေမဆောင် ထားတဲ့ ကားတွေကို ပြည်ဝင်ခွင့်ပိတ်သွားမယ်လို့ စင်ကာပူအစိုးရက ကြေညာလိုက်ပါတယ်။

စင်ကာပူနိုင်ငံမှာ မေလ ၁၆ ရက်နေ့ကစပြီး ပထမဆုံးအကြိမ် မူးယစ်ဆေးဝါး သုံးစွဲမိသူတွေအနေနဲ့ မူးယစ်ဗျူရို (CNB) ဆီ ကိုယ့်သဘောနဲ့ကိုယ် လာရောက်အလင်းဝင်ရင် ထိန်းသိမ်းရေးစခန်း ပို့မှာမဟုတ် ဘဲ လူထုအတွင်းမှာပဲ ပြန်လည်ထူထောင်ရေး လုပ်ပေးတော့မယ်လို့ သိရပါတယ်။

ဒါ့အပြင် စင်ကာပူထဲကိုလာမယ့် နိုင်ငံခြားလိုင်စင်ရ ကားတွေအနေနဲ့ စင်ကာပူမှာ အဖမ်းခံထားရတဲ့ ဒဏ် ငွေတွေ မပေးဆောင်သေးရင် လာမယ့်နိုဝင်ဘာလကစပြီး ပြည်ဝင်ခွင့်ပါမစ် (VEP) လျှောက်ထားမှုကို ငြင်းပယ်ခံရတော့မှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံသတင်

ဂါဇာကမ်းမြောင်ဒေသမှာ အင်ဒိုနီးရှားရန်ပုံငွေနဲ့ စစ်ရှောင်ရွာဆောက်လှူခဲ့လို၊ အင်ဒိုနီးရှားရဲ့ စွမ်းအင်က ဏ္ဍအတွက် ရုရှားကုမ္ပဏီတွေက ရေနံလုပ်ကွက်တွေကို ပြန်လည်စတင်တော့မယ်လို့ ပြောဆိုလိုက်ပါ တယ်။

အင်ဒိုနီးရှား အမျိုးသားအလှူငွေအဖွဲ့ (Baznas) နဲ့ Kitabisa အွန်လိုင်းအလှူခံ ပလက်ဖောင်းတို့ ပူးပေါင်းပြီး ပါလက်စတိုင်း၊ ဂါဇာဒေသက ဒေရ်အယ်လ်ဘာလာ (Deir Al-Balah) မှာ စစ်ဘေးရှောင်တွေအတွက် “Kampung Cahaya Zakat” အမည်ရ အရေးပေါ်ကျေးရွာတစ်ရွာကို တည်ထောင်လှူဒါန်းလိုက်တာ ဖြစ် ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှာတော့ ရုရှားရေနံကုမ္ပဏီ Zarubezhneft ဟာ Harbour Energy ကုမ္ပဏီအုပ်စုထဲကနေ နုတ်ထွက်သွားတာကြောင့် ကြန့်ကြာနေတဲ့ တူနာရေနံလုပ်ကွက် (Tuna Block) ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လာမယ့် ဇွန်လမှာ ပြန်လည်စတင်တော့မယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံသတင်း

ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က ဟော်မုဇ်ရေလက်ကြားမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ မော်လ်တာအလံစိုက် MV San Antonio ကုန်တင်သင်္ဘောပေါ်က ဒဏ်ရာရခဲ့တဲ့ ဖိလစ်ပိုင်ရေလုပ်သား ၇ ဦးထဲက ၂ ဦးဟာ ဒဏ်ရာသက်သာလာလို့ သောကြာနေ့မှာ ဖိလစ်ပိုင်နိုင်ငံကို ပြန်လည်ရောက်ရှိတော့မှာဖြစ်ပြီး ကျန်တဲ့ ၅ ဦးကတော့ ဆေးကုသမှု ဆက်ခံယူနေဆဲ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံသတင်း

မသန်စွမ်းသူများ ကူညီရေး ညီလာခံကျင်းပမည်ဖြစ်ပြီး စတင်ပျိုးထောင်စ လုပ်ငန်း (Startups) များအ တွက် ဖိုရမ်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဟနွိုင်းမြို့မှာ မေလ ၁၈ ရက်ကနေ ၁၉ ရက်နေ့အထိ မသန်စွမ်းသူတွေနဲ့ မိဘမဲ့ကလေးတွေကို ကူညီ စောင့်ရှောက်ဖို့အတွက် ဗီယက်နမ် မသန်စွမ်းသူများ ကူညီရေးအသင်းရဲ့ ပထမဆုံးအကြိမ် ညီလာခံကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒါနန်းမြို့မှာလည်း မေလ ၂၅ ရက်ကစပြီး ပြည်တွင်းက စတင်ပျိုးထောင်စလုပ်ငန်း (Startups) တွေကို ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူတွေနဲ့ ချိတ်ဆက်ပေးမယ့် Da Nang Venture and Angel Summit 2026 ဖိုရမ်ကို ကျင်းပသွားဖို့ ရှိနေပါတယ်။

Source: ASEAN BERNAMA

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.