September 10, 2026

မင်းအောင်လှိုင်က နိုင်ငံရေးသမားတွေကို အ ကျဉ်းထောင်ထဲမှာ အသက်သေတဲ့ထိ ထားချင်တဲ့ ဆန္ဒရှိတယ်

The Farmer Times မေလ ၁၆ ရက်၊ ၂၀၂၆

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်) အထိမ်းအမှတ်အနေနဲ့ လွတ်ငြိမ်းချမ်း သာခွင့် ပြုခဲ့ပေမယ့် နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သတ်မှတ်ထားတဲ့ နေအိမ်တစ်လုံးမှာ ဆက်လက်အကျဉ်း ချထားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

စစ်အုပ်စုက သမ္မတကြီး ဦးဝင်းမြင့်ကို လွှတ်ငြိမ်းပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြောင်း ပေးတာတွေဟာ လူသားချင်းစာနာမှုကို အလေးထားပြီး၊ နိုင်ငံတော်က မေတ္တာစေတနာထားသောအားဖြင့် လွှတ်ငြိမ်းပေးတာ” ဖြစ်တယ်လို့ ထည့်သွင်းထုတ်ပြန်ခဲ့ပေမယ့် အမှန်တကယ် စစ်အုပ်စုဟာ နိုင်ငံတကာ ဖိအားတွေကြောင့် ဖြေလျော့ပေးနေတာလို့ မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

လတ်တလော အာဏာသိမ်းစစ်အစိုးရက အခါကြီးရက်ကြီးတွေနဲ့ အထိန်းအမှတ် နေ့ရက်တွေမှာ အကျဉ်းသားတချို့ကို လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးနေပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ နည်းပါးနေတာ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ဆက်လက်ထိန်းချုပ်သွားမယ့် အခြေအနေများနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-အေအေပီပီ (AAPP) အတွင်း ရေးမှူး ဦးတိတ်နိုင်ကို Salween Press က ဆက်သွယ်မေးမြန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.