, ,

ကော့ကရိတ်မှာ စစ်ကောင်စီတပ်က သံဃာ ၄ ပါးကို သေနတ်ထောက်နှင်ထုတ်ပြီး ဘုန်းကြီးကျောင်းပိုင်ပစ္စည်းတွေ ခိုးယူသွား

The Farmer Times၊ မေလ ၁၈ ရက်၊ ၂၀၂၆ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ထီးဖိုးစံကျေးရွာ ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို နှင် ထုတ်ပြီး ကျောင်းပိုင် သာသနာ့ပစ္စည်းတွေကို ခိုးယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၅..

The Farmer Times၊ မေလ ၁၈ ရက်၊ ၂၀၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ထီးဖိုးစံကျေးရွာ ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို နှင် ထုတ်ပြီး ကျောင်းပိုင် သာသနာ့ပစ္စည်းတွေကို ခိုးယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ထီးဖိုးစံကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ရွာဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ သံဃာတော် ၄ ပါးကို ဆက်လက်နေထိုင်ခွင့်မပြုဘဲ သေ နတ်နဲ့ထောက်ကာ ကျောင်းပေါ်ကနေ မတရားမောင်းချခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ဘုန်းကြီးကျောင်းအတွင်းရှိ ပြည်သူတွေလှူဒါန်းထားတဲ့ အလှူငွေတွေ၊ စားနပ်ရိ က္ခာတွေနဲ့ ဘုရားဆင်းတုတော်တွေအပါအဝင် သာသနာပိုင်ပစ္စည်းအားလုံးကို ၁၂ ဘီးကားကြီးတွေနဲ့ အကုန်သယ်ဆောင်ခိုးယူသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ အဆိုပါဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး နှင်ထုတ်ခံရတဲ့ သံဃာတော် ၄ ပါးကတော့ အခြားဘုန်းကြီးကျောင်းတစ်ခုမှာ ရွှေ့ပြောင်းသီတင်းသုံးနေရပါတယ်။

ဒါ့အပြင် အဆိုပါစစ်ကြောင်းဟာ နောင်မီကျေးရွာဘက်က ပြည်သူပိုင်နေအိမ်တွေ၊ ဆန်စက်တွေနဲ့ ပစ္စည်းတွေကိုလည်း ထပ်မံခိုးယူခဲ့ကြသေးတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ လက်ရှိ ကော့ကရိတ်မြို့နယ် မြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့အတူ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) မှ ဗိုလ်ဘိဦးဆောင်တဲ့အဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ကလည်း ပူးပေါင်းပြီး ကျေးရွာတွေက ကရင်ပြည်သူပိုင် ပစ္စည်းတွေကို ဝိုင်းဝန်းခိုးယူနေကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed