, ,

ဖားကန့်၊ လုံးခင်းရွာကို အာဏာသိမ်းစစ်တပ် ဒရုန်းနဲ့ ဗုံးကြဲလို့ အမျိုးသမီး ၃ ဦး ပွဲချင်းပြီး သေဆုံး

The Farmer Times၊ မေလ ၁၈ ရက်၊ ၂၀၂၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၃ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး၊ နောက်ထပ် ၂ ဦး အပြင်း အထန် ဒဏ်ရာရရှိကာ..

The Farmer Times၊ မေလ ၁၈ ရက်၊ ၂၀၂၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၃ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး၊ နောက်ထပ် ၂ ဦး အပြင်း အထန် ဒဏ်ရာရရှိကာ နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဗျူဟာကုန်းပေါ်ကနေ စစ်ကောင်စီစစ်သားတွေက မေလ ၁၇ ရက် (မနေ့က) မွန်းတည့် ၁၂ နာရီကျော်အချိန်မှာ လုံးခင်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ လုံးခင်းကျေးရွာ ရပ်ကွက် ၄ အတွင်းရှိ အမျိုးသမီးတွေပဲ နေထိုင်တဲ့ အိမ်တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲပြီး မီးလောင်ခဲ့တာကြောင့် အိမ်ထဲမှာရှိနေတဲ့ အသက် ၇၂ နှစ်အရွယ် ဒေါ်ပုံ၊ အသက် ၆၂ နှစ်အရွယ် ဒေါ်ခင်ဝင်းနဲ့ အသက် ၂၂ နှစ်အရွယ် မမော်မော်စိန်တို့ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက “နေ့လယ် ၁၂ နာရီလောက်မှာ ကျတာ၊ နေအိမ်မီးလောင်သွားတယ်။ အဲ့ဒီအိမ်က အမျိုးသမီးတွေချည်းပဲ နေတဲ့အိမ်။ ၃ ယောက် ပွဲချင်းပြီး ဆုံးသွားတာ အ လောင်းတောင် မနည်းကောက်လိုက်ရတယ်။ နောက်ထပ် ၂ ယောက်လည်း ဒဏ်ရာအတော်ပြင်းတယ်၊ လုံးခင်းကတော့ လူနေဖို့ မကောင်းတော့ဘူး” လို့ ရင်ဖွင့်ပြောပြပါတယ်။

ဗုံးထိမှန်လို့ မီးလောင်နေတဲ့ နေအိမ်ကို မီးသတ်ကားတွေနဲ့ လာရောက်ငြှိမ်းသတ်ခဲ့ရပြီး၊ သေဆုံး/ဒဏ် ရာ ရရှိသူတွေကိုတော့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဖားကန့် (Rescue) အဖွဲ့က လာရောက်ကူညီ ကယ်ထုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဖားကန့်ဒေသတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ် သား ပြည်သူတွေ မကြာခဏ ထိခိုက်သေဆုံးနေရပြီး၊ ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့ကလည်း လက် နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed