, , , ,

ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပို့ကုန်ပဲတွေအဝယ်လိုက်ပြီး ဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေ

The Farmer Times၊ မေလ ၁၉ ရက်၊ ၂၀၂၆ ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံက ဈေး ကွက်အတွင်း အဝယ်လိုက်နေတာကြောင့် အရောင်းအဝယ်သွက်နေပြီး၊ မီးဖိုချောင်သုံး သီးနှံတွေဖြစ်တဲ့ ကြက်သွန်နဲ့ အာလူးကတော့ ဝင်ရောက်မှု ပုံမှန်ရှိနေတာကြောင့် ဈေးနှုန်းအတက်အကျ သိပ်မရှိဘဲ..

The Farmer Timesမေလ ၁၉ ရက်၊ ၂၀၂၆

ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံက ဈေး ကွက်အတွင်း အဝယ်လိုက်နေတာကြောင့် အရောင်းအဝယ်သွက်နေပြီး၊ မီးဖိုချောင်သုံး သီးနှံတွေဖြစ်တဲ့ ကြက်သွန်နဲ့ အာလူးကတော့ ဝင်ရောက်မှု ပုံမှန်ရှိနေတာကြောင့် ဈေးနှုန်းအတက်အကျ သိပ်မရှိဘဲ တည် ငြိမ်နေတာကို တွေ့ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ မေလ ၁၈ ရက်နေ့ ဈေးကွက်သုံးသပ်ချက်အရ မတ်ပဲ (FAQ/RC) က ဈေးကွက်အတွင်း အဝယ်လိုက်နေတာကြောင့် တစ်တန်ကို ၃,၀၅၉,၀၀၀ ကျပ်အထိ ဈေး မြင့်တက်လာပြီး ကွန်တိန်နာ ၃၅ လုံးအထိ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မတ်ပဲ (SQ/RC)  ထိပ်စကတော့ တစ်တန်ကို ၃,၃၇၉,၀၀၀ ကျပ်ထိ ပေါက်ဈေးရှိနေပြီး၊ ပဲစင်းငုံနီ (RC) – ကတော့ တစ်တန်ကို ၃,၁၁၀,၀၀၀ ကျပ်အထိ ဈေးခုန်တက်သွားကာ ကွန်တိန်နာ ၁၀ လုံး ခန့် အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။

ပဲတီစိမ်း (ခရမ်းရွှေဝါ/ထိပ်စ) ကတော့ တစ်ပိဿာကို ၆,၄၁၅ ကျပ်နဲ့ အရောင်းအဝယ် ရှိနေပါတယ်။

အခုနှစ်ထွက် ပဲကြီးကုန်းကတော့ တစ်ပိဿာကို ၉,၃၉၀ ကျပ်ကနေ ၉,၄၇၅ ကျပ်ဝန်းကျင် ပေါက်ဈေးရှိ နေပါတယ်။

ပြောင်းဆံ ကတော့ တစ်ပိဿာကို ၁,၇၈၀ ကျပ်ကနေ ၁,၈၀၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ် တည် ငြိမ်နေပါတယ်။

ကြက်သွန်နီ(ဆိပ်ဖြူ)ကတော့ တစ်ပိဿာကို အမျိုးအစားအလိုက် ၁,၆၀၀ ကျပ်ကနေ ၂,၄၅၀ ကျပ်အ တွင်း ပေါက်စျေးရှိနေပြီး၊ မေလ ၁၈ ရက်နေ့က ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကုန်ကား အစီးရေ ၂၀ ကျော်၊ ပိဿာချိန် ၁၂၀,၀၀၀ ခန့် ထပ်မံဝင်ရောက်ခဲ့တယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ပြောဆိုထားပါတယ်။

ကြက်သွန်ဖြူ(အောင်ပန်း) ကတော့  ထူး-၂ ကနေ ထူး-၅ အထိ အမျိုးအစားအလိုက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်) ကတော့ တစ်ပိဿာကို ၁၉,၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေပြီး မေလ ၁၈ ရက်နေ့က ဘုရင့်နောင်ကုန်စည်ဒိုင်ကို ပိဿာချိန် ၁၂,၀၀၀ ခန့် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဂျင်းနဲ့ အာလူး ဈေးကွက်မှာတော့ ဂျင်း(အောင်ပန်း)က တစ်ပိဿာကို အမျိုးအစားအလိုက် ၁၂,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်ဝန်းကျင်အထိ ပေါက်စျေးရှိနေပြီး၊ ပိဿာချိန် ၂၄,၀၀၀ ခန့် ဝင်ရောက်မှု ရှိခဲ့ပါတယ်။

အာလူး(အောင်ပန်း)ကတော့ အမျိုးအစားအလိုက် တစ်ပိဿာကို ၁,၈၀၀ ကျပ်ကနေ ၂,၄၀၀ ကျပ်အ တွင်း ပေါက်ရှိနေပြီး မေလ ၁၈ ရက်နေ့က ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကုန်ကား ၇ စီး၊ ပိဿာချိန် ၄၂,၀၀၀ ခန့်  ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ငါးခြောက်ဈေးကွက်မှာတော့ ငါးရံ့ခြောက် (အကြီး) က တစ်ပိဿာကို ၁၁၀,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် ခြောက် (ကြီး) က ၃၅,၀၀၀ ကျပ်ကနေ ၄၀,၀၀၀ ကျပ်အတွင်း ပေါက်ဈေးရှိနေပြီး၊ ရခိုင်ရွှေပုစွန်ရှယ် မျှင်ငါးပိကတော့ တစ်ပိဿာကို ၁၆၀,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်နေတာကို တွေ့ရပါတယ်။

အခု တင်ဆက်ပေးထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed