The Farmer Times၊ မေလ ၂၁ ရက်၊ ၂၀၂၆
ပြီးခဲ့တဲ့နှစ်က ထွန်စက်မောင်းခ နူန်းထားမှာ ရိုလီမောင်းခအဖြစ် တစပ်ကို ၈၀,၀၀၀ ကျပ်သာပေါက်စျေး ရှိပြီး ၁၆ ဗန်းက တစပ်ကို ၄၀,၀၀၀ ကျပ်လောက်သာ စျေးရှိခဲ့တာ ဖြစ်ပါတယ်။
စက်မောင်းခ စျေးနူန်းနှစ်ဆ မြင့်တက်လာတဲ့အတွက် ငွေကြေးချမ်းသာတဲ့ တောင်သူတွေကတော့ ခိုင်း နွားအကြီးတွေ ဝယ်ယူပြီး နွားနဲ့ထွန်ယက်ဖို့ လုပ်ဆောင်မှုတွေလည်း ရှိလာတယ်လို့ သိရပါတယ်။
အခုနှစ်မှာ လယ်ထွန်စက်မောင်းခ အပါအဝင် စိုက်ပျိုးမှုကုန်ကျစရိတ် မြင့်တက်လာတာကြောင့် စပါး တင်း ၁၀၀ ကို အနိမ့်ဆုံး ၁၈ သိန်းကနေ သိန်း ၂၀ ကျပ်အထိ စျေးရရှိမှသာ တွက်ခြေကိုက်တဲ့ အကျိုးအ မြတ် ရရှိနိုင်မှာ ဖြစ်တယ်လို့ တောင်သူတွေ ပြောဆိုထားကြပါတယ်။














