The Farmer Times၊ မေလ ၂၁ ရက်၊ ၂၀၂၆
ထိုင်း-မြန်မာနယ်စပ်ရှိ ဝေးလံခေါင်ဖျားပြီး ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသော ဒေသခံ ပြည်သူများနှင့် စစ်ဘေးရှောင်ဒုက္ခသည်များအပေါ် လူသားချင်းစာနာထောက်ထားမှုဖြင့် အခမဲ့ဆေးကု သပေးခဲ့သည့် အွမ်းဖန် (Umphang) ပြည်သူ့ဆေးရုံကြီး၏ ဒါရိုက်တာဖြစ်သူ ထိုင်းဆရာဝန်ကြီး ဒေါက် တာဝိုရာဝစ် (Dr Worawit Tontiwattanasap) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က “ထူးချွန်ပြည်သူ့ ကျန်းမာရေးဆိုင်ရာ” ဂုဏ်ပြုဆုချီးမြှင့်လိုက်တယ်လို့ The Nation သတင်းစာက ဖော်ပြထားပါတယ်။
ဒေါက်တာဝိုရာဝစ်ဟာ ထိုင်းနိုင်ငံအနောက် မြောက်ပိုင်း၊ ကရင်ပြည်နယ်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ တာ့ခ် (Tak) ခရိုင်၊ အွမ်းဖန်မြို့နယ်အတွင်းရှိ အထောက်အထားမဲ့ အခြေမဲ့လက်မဲ့ ဖြစ်နေသူများ၊ ကရင်တိုင်း ရင်းသားများနဲ့ နယ်စပ်ဒုက္ခသည်များ အပါအဝင် ထိခိုက်လွယ်သောအုပ်စုများအတွက် အခြေခံကျန်းမာ ရေး စောင့်ရှောက်မှုကို ရရှိနိုင်စေဖို့ ဘ ဝတစ်ခုလုံးကို မြှုပ်နှံကာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူ ဖြစ် တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ပြုလုပ်တဲ့ (၇၉) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ (79th World Health Assembly) မှာ ဒေါက်တာဝိုရာဝစ်ကို ယူအေအီး ကျန်းမာရေးဖောင်ဒေးရှင်းဆု (2026 United Arab Emirates Health Foundation Prize) ကို ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ကမ္ပည်းပြားနဲ့အတူ အမေရိကန်ဒေါ်လာ ၄၀,၀၀၀ ကိုပါ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာဝိုရာဝစ်ရဲ့ ကြိုးပမ်းမှုကြောင့် ထိုင်းအစိုးရဘက်က အထောက်အထားမဲ့သူတွေကို မှတ်ပုံ တင်ပေးခြင်း၊ ကျန်းမာရေးထောက်ပံ့ကြေးပေးခြင်းအပြင် ထိုင်း-မြန်မာ နယ်စပ်နှစ်ဖက်စလုံးမှာ ငှက် ဖျား၊ တီဘီ၊ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ထိန်းချုပ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ မိခင်နှင့် က လေးစောင့်ရှောက်ခြင်း၊ ကျောက်ကပ်ဆေးခြင်းလုပ်ငန်းများ စတဲ့ ရွေ့လျားဆေးကုသရေး အဖွဲ့များ ကိုပါ နယ်စပ်တစ်လျှောက် တိုးချဲ့အကောင်အထည် ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Ref: The Nation














