July 21, 2026

ကွန်ဂိုတွင် အီဘိုလာဗိုင်းရပ်စ်မျိုးစိတ်သစ်ကြောင့် လူပေါင်း ၁၃၀ ကျော် သေဆုံး၊ ကာကွယ်ဆေးရရှိဖို့၉ လခန့် ကြာမြင့်နိုင်ကြောင်း WHO သတိပေး

The Farmer Timesမေလ ၂၁ ရက်၊ ၂၀၂၆

ကွန်ဂိုနိုင်ငံမှာ ပျံ့နှံ့နေတဲ့ အီဘိုလာဗိုင်းရပ်စ်မျိုးစိတ်သစ် (Bundibugyo Species) အတွက် ထိရောက်တဲ့ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ အချိန် ၆ လကနေ ၉ လအထိ ကြာမြင့်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၂၀ ရက်က သတိပေးထုတ်ပြန်လိုက်ပါတယ်။

လက်ရှိအချိန်အထိ အီဘိုလာ ကူးစက်ခံရနိုင်ခြေရှိသူ သံသယဖြစ်ဖွယ်လူနာ ၆၀၀ ခန့် ရှိနေပြီး၊ သေဆုံး သူ ၁၃၉ ဦးအထိ ရှိလာပြီဖြစ်သလို၊ ကူးစက်ခံရသူနဲ့ သေဆုံးသူ အရေအတွက်ဟာ ဆက်လက်မြင့် တက်နေဆဲဖြစ်ပြီး အခြေအနေဟာ စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ (WHO) က ပြောပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ ကွန်ဂိုနိုင်ငံအရှေ့ပိုင်း အီတူရီ (Ituri) ပြည်နယ်နဲ့ မြောက်ကီဗူး (North Kivu) ပြည်နယ်တွေမှာ အဓိက ဖြစ်ပွားနေပြီး၊ လက်ရှိမှာ ကွန်ဂိုမှာ အတည်ပြုလူနာ ၅၁ ဦးနဲ့ အိမ်နီးချင်း ယူဂန် ဒါနိုင်ငံ (Uganda) ရဲ့ မြို့တော် ကမ်ပါလာမှာ ဒုက္ခသည်ခရီးသွား ၂ ဦး ကူးစက်မှုခံခဲ့ရပြီး၊ တစ်ဦးသေဆုံး ခဲ့တယ်လို့ သိရပါတယ်။

ကွန်ဂိုနိုင်ငံမှာ ပျံ့နှံ့နေတဲ့ အီဘိုလာဗိုင်းရပ်စ်မျိုးစိတ်သစ်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ မေလ ၁၇ ရက် WHO က “ကမ္ဘာလုံးဆိုင်ရာ  အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေ” အဖြစ် ထုတ်ပြန်ခဲ့ပေမယ့် လက်ရှိအဆင့်မှာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဆင့်အထိတော့ မရောက်သေးဘဲ ဒေသ တွင်း ကူးစက်နိုင်ခြေအန္တရာယ်သာ အလွန်မြင့်မားနေသေးတယ်လို့ သုံးသပ်ထားပါတယ်။

ယခုတစ်ကြိမ် ကွန်ဂိုမှာ ရင်ဆိုင်နေရတဲ့ အီဘိုလာဗိုင်းရပ်စ်ဟာ ယခင်က အဖြစ်များပြီး အကျွမ်းတ ဝင်ရှိတဲ့ “ဇိုင်ရဲ” (Zaire) မဟုတ်ဘဲ လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်ကတည်းက မတွေ့ရတော့တဲ့ “ဘွန်ဒီဘူဂျို” (Bundibugyo) ဗိုင်းရပ်စ်မျိုးစိတ် ဖြစ်နေတာကြောင့် အဆိုးရွားဆုံး စိန်ခေါ်မှု ဖြစ်နေရတာပါ။

ဘွန်ဒီဘူဂျို ဗိုင်းရပ်စ်မျိုးစိတ်ဟာ ယခင်က ၂၀၀၇ ခုနှစ် ယူဂန်ဒါနဲ့ ၂၀၁၂ ခုနှစ် ကွန်ဂိုမှာသာ နှစ်ကြိမ်သာ အနည်းငယ်ဖြစ်ပွားခဲ့ဖူးပြီး၊ ကူးစက်ခံရသူရဲ့ သုံးပုံတစ်ပုံခန့်ကို သေဆုံးစေခဲ့ပါတယ်။ ၎င်းမျိုးစိတ်အ တွက် အတည်ပြုပြီးသား ကာကွယ်ဆေးနဲ့ ကုသဆေးလုံးဝ မရှိသေးပါဘူးလို့ သိရပါတယ်။

လက်ရှိမှာ စမ်းသပ်ဆဲ ကာကွယ်ဆေးနှစ်မျိုးကို ဖော်စပ်နေပေမယ့် လူသားတွေနဲ့ လက်တွေ့စမ်းသပ်မှု (Clinical trials) မလုပ်ရသေးတဲ့အတွက် ကာကွယ်ဆေး အဆင်သင့်ဖြစ်ဖို့ အနည်းဆုံး ၆ လမှ ၉ လအထိ အချိန်ယူရဦးမှာဖြစ်ပြီး၊ ဒုတိယမြောက်ဆေးကတော့ တိရစ္ဆာန်တွေနဲ့ စမ်းသပ်မှုအောင်မြင်မှသာ ရှေ့ ဆက်နိုင်မယ်လို့ WHO အကြံပေး ဒေါက်တာဗာဆီ (Dr Vasee Moorthy) က ပြောဆိုထားပါတယ်။

ကွန်ဂိုနိုင်ငံရဲ့ ပထမဆုံး အီဘိုလာလူနာဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က သေဆုံးသွားခဲ့တဲ့ နာ့စ် (သူ နာပြု) တစ်ဦးဖြစ်ပြီး ၎င်းရဲ့ရုပ်အလောင်းကို ရွှေတွင်းတူးဖော်ရေး လုပ်ကွက်တွေရှိရာ မွန်ဂွာလူ (Mongwalu) မြို့ကို ပြန်လည်သယ်ဆောင်ရာကနေ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု အရှိန်မြင့်သွားခဲ့တာ ဖြစ် ပါတယ်။

အီဘိုလာဗိုင်းရပ်စ်ဟာ ကနဦးမှာ ငှက်ဖျား သို့မဟုတ် တိုင်ဖွိုက်ဖျားနာတာတွေနဲ့ လက္ခဏာချင်း ဆင်တူ တာကြောင့် ရောဂါရှာဖွေရ ခက်ခဲပြီး၊ ခန္ဓာကိုယ်မှ ထွက်တဲ့ အရည်များ (သွေး၊ တံတွေး၊ ချွေး) ကတဆင့် တိုက်ရိုက်ထိတွေ့ရာက ကူးစက်ကာ နောက်ဆုံးမှာ ကိုယ်တွင်းအင်္ဂါ ပျက်စီးပြီး အသက်ဆုံးရှုံးရတဲ့အထိ ပြင်းထန်တဲ့ ဗိုင်းရပ်စ် ဖြစ်ပါတယ်။

 ကွန်ဂိုအရှေ့ပိုင်းမှာ နှစ်ရှည်လများ ဖြစ်ပွားနေတဲ့ စစ်မက်ပဋိပက္ခတွေကြောင့်လည်း အခု ရောဂါထိန်း ချုပ်ရေးလုပ်ငန်းတွေမှာ ပိုမိုအဟန့်အတား ဖြစ်နေရတယ်လို့ လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောဆိုထားပါတယ်။

Ref: BBC

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.