The Farmer Times၊ မေလ ၂၁ ရက်၊ ၂၀၂၆
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁,၆၀၀ ကနေ ၁,၆၂၀ ကျပ် အထိသာ ပေါက်စျေးရှိခဲ့ပေမယ့်၊ မေလ ၁၅ ရက်နေ့မှာတော့ တစ်ပိဿာကို ၁,၇၈၀ ကျပ်ကနေ ၁,၈၀၀ အထိ ပေါက်ဈေးရှိနေတာကို တွေ့ရပါတယ်။
ရန်ကုန်မှာ ဈေးအမြင့်နဲ့ တည်ငြိမ်နေပေမယ့် ရှမ်းပြည်နယ် (တောင်ကြီး) ဘက်မှာတော့ အခုရက်ပိုင်းအတွင်း ပြောင်းဆံ တစ်ပိဿာကို တစ်ရက် ၁၀ ကျပ်နှုန်းလောက်နဲ့ တအိအိ စျေးပြန်ကျနေပါတယ်။














