July 12, 2026

တောင်ကိုရီးယားက ကြက်သွန်နီကို ထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဈေးကွက်ကို တိုးချဲ့တင်ပို့ ဖို့ ပြင်ဆင်နေ၊ ထိုင်ဝမ်ကို တန်ချိန် ၁၀၀ ခန့် ပထမဆုံးအကြိမ်တင်ပို့

The Farmer Times၊ ဇွန်လ ၇ ရက်၊ ၂၀၂၆

တောင်ကိုရီးယားနိုင်ငံမှာ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှုတွေ သိသိသာသာ မြင့်တက်လာပြီး ပြည် တွင်းမှာ ကြက်သွန်နီတွေ ပိုလျှံနေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ထိုင်းနိုင်ငံ အပါအဝင် အရှေ့ တောင်အာရှ ဈေးကွက်တွေကို တိုးချဲ့တင်ပို့နိုင်ဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိမှာ ထိုင်ဝမ်နိုင်ငံကို ပထမဆုံးအသုတ်အနေနဲ့ ကြက်သွန်နီအသစ် တန်ချိန် ၁၀၀ ခန့်အား ဇွန်လ ၄ ရက်နေ့က စတင်တင်ပို့လိုက်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ကြက်သွန်နီစျေးကွက် ချဲ့ထွင်မှုကို တောင်ကိုရီးယား စိုက်ပျိုးရေး၊ အစားအစာနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးရေး ဝန်ကြီးဌာနနဲ့ အမျိုးသား လယ်ယာစိုက်ပျိုးရေးသမဂ္ဂ (Nonghyup Economic Holdings) နဲ့ တို့ ပူးပေါင်းပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားအစိုးရက ကြက်သွန်နီတန်ချိန် ၁၀,၀၀၀ ခန့်အထိ ပြည်ပကို တင်ပို့နိုင်ဖို့ ရည်မှန်းထား ပြီး၊ အစိုးရဘက်က တန်ချိန် ၂,၀၀၀ နဲ့ လယ်ယာစိုက်ပျိုးရေးသမဂ္ဂဘက်က တန်ချိန် ၈,၀၀၀ တင်ပို့ခွင့် ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ကြက်သွန်စျေးကွက်ကို ထိုင်ဝမ်အပြင် ထိုင်းနိုင်ငံနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ကုန် သွယ်မှု မြှင့်တင်နေပြီး၊ ပြည်တွင်းအထွက်နှုန်းအပေါ် မူတည်ကာ ပြည်ပတင်ပို့မှု ကူညီပံ့ပိုးရေး ပမာ ဏကို ပိုပြီးတော့ တိုးချဲ့သွားမယ်လို့ တောင်ကိုရီးယား စိုက်ပျိုးရေး၊ အစားအစာနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးရေး ဝန်ကြီးန၊ မူဝါဒရေးရာ အကြီးအကဲဖြစ်သူ ပါ့ခ်ဂျုံဟွန်းက ပြောဆိုထားပါတယ်။

တောင်ကိုရီးယားကနေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ပြည်ပကို ကြက်သွန်နီ တန်ချိန် ၅၈ တန်လောက် တင်ပို့ခဲ့ ပြီး၊ ၂၀၂၅ ခုနှစ်မှာတော့ ၄၆.၇ တန်အထိသာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုနှစ်မှာတော့ ပြည်တွင်မှာ ကြက်သွန်နီ တန်ချိန်စုစုပေါင်း ၁,၀၈၈,၀၀၀ တန်အထိ ထွက်ရှိလာမယ်လို့ ခန့်မှန်းထားကြတာကြောင့်၊ ပြည်ပစျေးကွက် ချဲ့ထွင်နိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

REF: Ju Sangdon / Ministry of Agriculture, Food and Rural Affairs

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.