September 3, 2026

အင်ဒိုနီးရှားနိုင်ငံက ဆန်စပါး မဟာဗျူဟာတစ်ရပ်အဖြစ် စပါးစိုက်ပျိုးချိန်ကို အရှိန်မြှင့်ဖို့ ပြင်ဆင်နေ

The Farmer Times၊ ဇွန်လ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။

အရှေ့တောင်အာရှဒေသတွင်းမှာ အယ်လ်နီညို (El Niño) ဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားမှုဒဏ်ကို ကြုံ တွေ့နေရပြီး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ထိခိုက်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိ ပေးထားတာကြောင့် အင်ဒိုနီးရှားနိုင်ငံဟာ ၎င်းတို့ရဲ့ ဆန်စပါးရိက္ခာဖူလုံမှုကို ကာကွယ်ဖို့နဲ့ ဈေးကွက်တည်ငြိမ်စေဖို့အတွက် တောင်သူတွေကို စပါးကြိုတင်စိုက် ပျိုးကြဖို့ တိုက်တွန်းနှိုးဆော်နေတဲ့ ဗျူဟာမြောက် အချိန်တိုးမြှင့်ပျိုးမှုတွေ ပြုလုပ်နေပါတယ်။

အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးဌာနဟာ ပိုမိုပူပြင်းခြောက်သွေ့လာမယ့် အယ်လ်နီညိုအန္တရာယ်ကို ကျော် လွှားနိုင်ဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စပါးအမြန်စိုက်ပျိုးရေး လှုပ်ရှားမှုကို စတင်လိုက်တာ ဖြစ်ပါတယ်။

တောင်သူတွေ အနေနဲ့ စပါးရိတ်သိမ်းပြီးနောက် ပုံမှန်အတိုင်း (၂၅) ရက်အထိ မစောင့်ဆိုင်းဘဲ (၂) ပတ် (၁၄ ရက်) ခန့်အကြာမှာ ဒုတိယအကြိမ် စပါးပြန်လည်စိုက်ပျိုးကြဖို့ အစိုးရက အကြံပြုထားပါတယ်။

အခုလို စိုက်ပျိုးရိတ်သိမ်းချိန်တွေကို ပြောင်းလဲရတာက ရေရှားပါးမှု ပိုမိုဆိုးရွားမလာမီ သီးနှံများ အ ချိန်မီရင့်မှည့်အောင်မြင်စေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကိုလည်း တောင်သူတွေ ရေသွင်းစနစ်ကို အကျိုးရှိရှိအသုံးချနိုင် ရေးနဲ့ ရေရရှိနိုင်သေးတဲ့ နယ်မြေတွေမှာ စပါးစိုက်ပျိုးမှုကို အရှိန်မြှင့်တင်နိုင်ဖို့အတွက် ဝိုင်းဝန်းကြီးကြပ်ပေးဖို့ စိုက်ပျိုးရေးဝန်ကြီးက တိုက်တွန်းထားပါတယ်။

လတ်တလောမှာ ဂျာဗားပြည်နယ်အနောက်ပိုင်း (West Java) ကဲ့သို့ အဓိက ဆန်စပါးစိုက်ပျိုးရာ ဒေသ အတွင်းက တောင်သူတွေဟာ သီးနှံပျက်စီးမယ့်အရေးကို လျှော့ချနိုင်ဖို့ အစိုးရက သတ်မှတ်ပေးတဲ့ စိုက်ပျိုးချိန်ဇယားများကို စတင်ပြောင်းလဲလုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

စိုက်ပျိုးရေးဝန်ကြီးဌာနဘက်ကလည်း တောင်သူတွေ လိုအပ်တဲ့ မျိုးစေ့နဲ့ စိုက်ပျိုးနည်းစနစ်သစ်များ ထောက်ပံ့အားပေးတာ အပါအဝင် ရေသွင်းစနစ်ကောင်းမွန်ရေးနဲ့ မိုးခေါင်ရေရှားဒဏ်ခံနိုင်တဲ့ စပါး မျိုးစေ့ (Drought-resistant seed) များကို တောင်သူတွေ ဝယ်ယူစိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်ပေးနေပါ တယ်။

အခုလို ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေပေမယ့် အစိုးရရဲ့ ခန့်မှန်းချက်အရ အခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ဆန်စပါးထုတ်လုပ်မှုဟာ ယခင်နှစ်ကာလတူထက် ၀.၃၅ ရာခိုင်နှုန်းခန့် လျော့နည်း သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အခုနှစ်မှာ အယ်လ်နီညိုအန္တရာယ် ပြင်းထန်လာပါက ဆန်စပါးတင်မကဘဲ ဂျုံနှင့် အခြားအခြေခံသီး နှံတွေပါ ထိခိုက်ပျက်စီးနိုင်ပြီး၊ စိုက်ပျိုးစရိတ်ကြီးမြင့်မှု၊ ရိက္ခာပြတ်လပ်မှုများနဲ့အတူ ရိက္ခာဈေးနှုန်းများ အဆမတန် မြင့်တက်လာမှာကို အာရှဒေသတွင်းနိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

လတ်တလောမှာ အင်ဒိုနီးရှားအစိုးရရဲ့ ဆန်စပါးဗျူဟာကို ဒေသတွင်းက စင်ကာပူနိုင်ငံ အပါအဝင် အိမ်နီးနားချင်းနိုင်ငံတွေကလည်း အနီးကပ်စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ်။

REF: – Straits Times

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.