တရုတ်နှင့် ကာဇက်စတန်တို့ ပူးပေါင်းပြီး ကျိုင်းကောင်များကို နှိမ်နင်းမည့် ဇီဝပိုးသတ်ဆေးသစ် စမ်းသပ်အောင်မြင်
The Farmer Times၊ ဇွန်လ ၁၃ ရက်၊၂၀၂၆ ခုနှစ်။
စိုက်ပျိုးရေးသီးနှံတွေနဲ့ စားကျက်မြေတွေကို အကြီးအကျယ် ဖျက်ဆီးလေ့ရှိတဲ့ ကျိုင်းကောင်အန္တရာယ်ကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိဘဲ ကာကွယ်နှိမ်နင်းနိုင်ဖို့အတွက် တရုတ်နိုင်ငံနဲ့ ကာဇက်စတန် နိုင်ငံတို့က သိပ္ပံပညာရှင်တွေ ပူးပေါင်းကာ ဇီဝပိုးသတ်ဆေးသစ် (Biological Pesticide) တစ်ခုကို ကွင်း ဆင်းစမ်းသပ်မှု အောင်မြင်ခဲ့တယ်လို့ ကာဇက်စတန် စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကာဇက်စတန် စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ယခုစမ်းသပ်မှုဟာ ရိုးရာဓာတုပိုးသတ် ဆေးတွေနေရာမှာ အစားထိုးပြီး ပတ်ဝန်းကျင်ဂေဟစနစ်ကို ထိန်းသိမ်းပေးနိုင်မယ့် နည်းပညာသစ် တစ်ခု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
လက်ရှိ စမ်းသပ်ခဲ့တဲ့ ဇီဝပိုးသတ်ဆေးဟာ Metarhizium anisopliae လို့ခေါ်တဲ့ အင်းဆက်များကို ရောဂါ ဖြစ်ပွားစေတတ်တဲ့ သဘာဝမှို (Entomopathogenic fungus) ကို အခြေခံပြီး ဖော်စပ်ထားတာ ဖြစ်ပါတယ်။
REF: Kazakhstan Ministry of Agriculture
