July 12, 2026

ပြည်ပပို့ကုန်ဆန်ချော(EX) တစ်အိတ် ၇,၀၀၀ ကျပ်ထိ စံချိန်တင် မြင့်တက်လာ(ရုပ်/သံ)

The Farmer Times၊ ဇွန်လ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။

အခုဇွန်လ လယ်ပိုင်းအတွင်း ပြည်တွင်းဆန်ဈေးကွက်မှာ ဆန်အမျိုးအစားအများစု ဈေးနှုန်းတည်ငြိမ်နေ ပေမယ့်၊ ပြည်ပပို့ကုန် (EX) ဆန်ချောဈေးနှုန်းတွေက သိသိသာသာ မြင့်တက်လာတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကနေ ဇွန်လ ၁၈ ရက်နေ့အတွင်း ဈေးကွက်ထဲမှာ ပေါ်ဆန်းနယ်စုံနဲ့ အခြေခံ ဆန်ကြမ်းအများစု ဈေးငြိမ်နေပေမယ့်၊ ပို့ကုန်ဆန်ချောတွေကတော့ တစ်အိတ်ကို ပျမ်းမျှငွေကျပ် ၂,၀၀၀ မှ ၇,၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်လာတာကို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (MRPTA) ရဲ့ ဆန်ဈေးနှုန်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.