September 3, 2026

ရှမ်းတောင်ဒေသထွက် အာလူး စျေးကျနေပေမယ့် ကြက်သွန်နီစျေး ဆက်တိုက်မြင့်တက်လာ

The Farmer Times၊ ဇွန်လ ၁၈ ရက်၊၂၀၂၆ ခုနှစ်။

ပြည်တွင်းကုန်စိမ်းသီးနှံစျေးကွက်မှာ ရှမ်းပြည်နယ်တောင်ပိုင်းဒေသက ထွက်ရှိတဲ့ အာလူး အမျိုအစားအားလုံး စျေးကျဆင်းနေပြီး၊ ကြက်သွန်နီကတော့ စျေးဆက်တိုက် မြင့်တက်လာနေတယ်လို့ ကုန်သည် တွေက ပြောပါတယ်။

လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း၊ တောင်ကြီး စျေးကွက်မှာ ပွဲရုံတွေကို အာလူးဝင်ရောက်မှုများပြီး ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှတဲ့တာကြောင့် အာလူးစျေး ကျဆင်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

” အာလူးက ပွဲရုံတွေကို နေ့တိုင်းကို အဝင်များနေတာ။ ရှေ့ရက်ကပို့တဲ့ ပစ္စည်းမကုန်သေးဘူး၊ နောက် ရက် ထပ်ဝင်နေတော့ ပွဲရုံမှာ အာလူးတွေပုံနေပြီ။ ကုန်စိမ်းဆိုတဲ့ သဘောက လတ်လတ်ဆတ်ဆတ်ကို ဖြုန်းနိုင်ဖို့လိုတယ်။ အာလူးက အဝင်များနေပြီး အရောင်းက မရှိသလောက် ဖြစ်နေတာ ပြဿနာပဲ။ ” လို့ အောင်ပန်းစျေးက ကုန်သည် ကိုစိုင်းနောင်က ပြောပါတယ်။

လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ကုန်စည်စျေးကွက်မှာ အားလူး(S2၊ S3) က တစ်ပိဿာကို ၃၀၀၀ ကျပ် ၊ (S1၊ S2 ) က တစ်ပိဿာကို ၂၇၀၀ ကျပ် အားလူး (S1 OK) က ၂၅၀၀ ကျပ် ၊ OK က ၂၀၀၀ ကျပ် ၊ A1 က ၁၈၀၀ ကျပ် ၊ A1 (ဆွဲ) ၁၅၀၀ ကျပ် ၊ ဂေါ်လီဆိုက်က ၁၂၀၀ ကျပ် အသီးသီး ပေါက်စျေးရှိတာကို တွေ့ရပါတယ်။

အာလူးက စျေးတန်းအကျမှာ ရှိနေပေမယ့်၊ ကြက်သွန်နီကတော့ ပြည်ပဝယ်လိုအား ရှိနေတဲ့အတွက် နယ်ကုန်စည်ဒိုင်တွေနဲ့ ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာပါ စျေးမြင့်တက်လာနေတာကို တွေ့ရပါတယ်။

ကြက်သွန်နီကို ဇွန်လကစပြီး မြဝတီနယ်စပ်ကုန်သွယ်ရေးကနေ ထိုင်းကို တင်ပို့မှုရှိလာတာကြောင့် စျေး နူန်းဆက်တိုက် မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

” ပြည်ပအဝယ် ဆွဲနေသရွေ့ စျေးကအတက်ပဲ ရှိနေအုံးမှာပါ။ အခုက နယ်ကနေ ရန်ကုန်ပို့မယ့် ကုန် ကျစရိတ်ပေါင်းပြီး ရမယ့်စျေးထက် နယ်မှာအဝယ်စျေးက ပိုကိုက်နေတော့ ရန်ကုန်ကို ကားအဝင်နည်း တယ်။ မြင်းခြံနဲ့ ပခုက္ကူဆို မဝင်ဘူး။ ဆိပ်ဖြူနဲ့ မုံရွာပဲ လတ်တလော အဝင်ရှိတယ်။ ” လို့ ကြက်သွန် ပွဲရုံပိုင်ရှင် ဦးဝင်းမောင်က ပြောပါတယ်။

လက်ရှိ စျေးကွက်အတွင်းမှာ ဆိပ်ဖြူကြက်သွန်နီ တစ်ပိဿာကို ၂၅၀၀ မှ ၃၅၀၀ ကျပ် စျေးဖွင့်ထားပြီး၊ မုံရွာကြက်သွန်နီက ၂၅၀၀ မှ ၃၅၀၀ ကျပ်နဲ့ ၂၇၀၀ မှ ၃၆၀၀ ကျပ် စျေးတန်းနှစ်မျိုး ဖွင့်ထားပါတယ်။

မြင်းခြံကုန်စည်ဒိုင်စျေးကွက်မှာတော့ ပုတ်ပြတ်စျေး ကြက်သွန်နီ တစ်ပိဿာကို ၂၂၀၀ မှ ၃၂၀၀ ကျပ်အထိ ပေါက် စျေးရှိနေပြီး၊ ပခုက္ကူကုန်စည်ဒိုင်စျေးကွက်မှာတော့ ကြက်သွန်နီ တစ်ပိဿာကို ၃၃၅၀ ကျပ်အထိ ပေါက်စျေးရှိနေတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.