September 3, 2026

မြန်မာ့ဆန်စပါးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး တရုတ်-တောင်အာရှ ကုန် သည်များနှင့် ဆွေးနွေး

The Farmer Times၊ ဇွန်လ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။

မြန်မာ့ဆန်စပါးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တ ရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများမှ ကုန်သည်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့တယ်လို့ မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၁၀) ကြိမ်မြောက် တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံတွေရဲ့ ကုန်စည်ပြပွဲမှာ ယင်းကဲ့သို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်တယ် လို့ (MRF) က ပြောပါတယ်။

အဆိုပါကုန်စည်ပြပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ယူနန်ပြည် နယ်၊ ကူမင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး၊ ပြပွဲမှာ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRF အနေဖြင့် Shwe Wah Yaung Agriculture Production Co., Ltd နှင့် Good Brothers’ Co., Ltd တို့နဲ့ ပူးပေါင်းပြီး ပြခန်းဖွင့်လှစ်ခဲ့ပြီး မြန်မာ့အရည်အသွေးမြင့် ဆန်စပါးများကို မိတ်ဆက်ရောင်း ချခဲ့သလို၊ တရုတ်နှင့် တောင်အာရှနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုကျယ်ပြန့်လာစေရေးအတွက်လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

MRF အနေနဲ့ တရုတ်နှင့် တောင်အာရှနိုင်ငံတို့က ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပိုမိုကျယ်ပြန့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အထူးသဖြင့် ဆန်စပါး မျိုးစေ့ထုတ်လုပ်ငန်းများ၊ ဆန်စက်လုပ်ငန်းများနှင့် ခေတ်မီနည်းပညာ နယ်ပယ်တို့မှာ ပုဂ္ဂလိကလုပ်ငန်းများ အချင်းချင်း ပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်လို့ MRF က ပြောပါတယ်။

အထူးသဖြင့် ဆန်စပါး မျိုးစေ့ထုတ်လုပ်ငန်းများ၊ ဆန်စက်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းများကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် MRF အနေဖြင့် စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ၊ အခြောက်ခံမှုနှင့် သိုလှောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်လည်း ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းများ၊ စျေးကွက်အလား အလာနှင့် ခေတ်မီနည်းပညာ နယ်ပယ်များတွင် ပုဂ္ဂလိကလုပ်ငန်းများ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ MRF က ဆိုပါတယ်။

တရုတ်နိုင်ငံ ကုန်စည်ပြပွဲကို မြန်မာနိုင်ငံက စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဦးမင်းမင်းနှင့် ကုန်သည်စက်မှုအ သင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းတို့ ဦးဆောင်ပြီး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်တို့ ဦးဆောင်တဲ့ အဖွဲ့ဝင် (၁၆) ဦးကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.