July 12, 2026

စာအုန်းဆီရည်ညွှန်းစျေး ၇၀၀၀ ကျော် သတ်မှတ်ထားပေမယ့် ပြင်ပစျေးကွက်မှာ ၁၅၀၀၀ ကျပ်ထိ ဖြစ်ပေါ်နေ

The Farmer Times၊ ဇွန်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။

အာဏာသိမ်းစစ်အစိုးရက စားအုန်းဆီအခြေခံ လက်ကားညွှန်းစျေးနူန်းကို တစ်ပိ ဿာ ကျပ် ၇,၀၀၀ ကျော်စျေး သတ်မှတ်ထားပေမယ့်၊ ပြင်ပစျေးကွက်ထဲမှာတော့ တစ်ပိဿာကို ၁၅,၀၀၀ ကျပ်အထိ ပေါက်စျေးရှိတယ်လို့ သတင်းရရှိပါတယ်။

လက်ရှိ ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကားညွှန်းစျေးနူန်းက တစ်ပိဿာကို ၇,၃၅၄ ကျပ် သတ်မှတ်ထားပြီး၊ ပြင်ပလက်လီ စျေးကွက်မှာတော့ လက်ကားစျေး တစ်ပိဿာကို ၁၂,၀၀၀ ကျပ်၊ လက်လီစျေး ၁၅,၀၀၀ ကျပ်ထိ ပေါက်စျေးရှိနေတာ ဖြစ်ပါတယ်။

လက်ရှိ ပြင်ပစျေးကွက်မှာ စားအုန်းဆီ တစ်ပိဿာကို ၁၂,၀၀၀ ကျပ်မှ ၁၅,၀၀၀ အတွင်း ပေါက်စျေးရှိနေပေမယ့် လိုအပ်သလောက် ပမာဏကို ဝယ်ယူလို့ရတဲ့ အခြေအနေ ရှိနေတယ်လို့လည်း ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.