September 3, 2026

The Farmer Times အပတ်စဉ် ကုန်စည်စျေးနှုန်း သုံးသပ်ချက်

The Farmer Times၊ ရန်ကုန်၊ ဩဂုတ် ၂၊  ၂၀၂၆

ဇူလိုင်နောက်ဆုံးပတ်ဖြစ်တဲ့  ဩဂုတ် ၁၄  ရက်ကနေ ဩဂုတ် ၂၁ နေ့အထိ စျေးကွက်အတွင်း အတက် အကျ အနိမ့်အမြင့် ဖြစ်သွားတဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းတွေကို ပြောပြပေးချင်ပါတယ်။

ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲက ပြည်ပဝယ်လိုအား လျော့ကျတဲ့ အခြေအနေကြောင့် တစ်တန်ကို ၃၄ သိန်းအောက်ထိ  စျေးဆက်ကျလာပြီး ပဲစင်းငုံကတော့ စျေးအနည်းငယ် အတက်ပြပြီး၊ တစ်တန်ကို ၃၂ သိန်းကျော်ထိ ပေါက်စျေးပါတယ်။ ပဲတီစိမ်းကတော့ အ မျိုးအစားအားလုံး စျေးငြိမ်ပါတယ်။ မြေပဲက စျေးပြန်ကျပြီး ပဲဖတ်နဲ့ နှမ်းဖတ်စျေး အေးပါတယ်။ ကြက် သွန်ဖြူကတော့ စျေးတက်လာတာကို တွေ့ရပါတယ်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

မတ်ပဲကို အိန္ဒိယက ဝယ်လိုအားလျော့တဲ့အတွက်  FOB စျေးလည်း ဆက်တိုက်ကျဆင်းနေပြီး၊ ပြည် တွင်း မတ်ပဲစျေးလည်း ကျလာပါတယ်။ အခုတပတ်မှာတော့ တစ်တန်ကို ၁ သိန်းဝန်းကျင်ထိ စျေးကျ သွားပါတယ်။

ဩဂုတ် ၁၄ ရက်နေ့မှာ  မတ်ပဲ (FAQ) တစ်တန်ကို ၃,၄၉၂,၀၀၀ ကျပ်စျေးရှိခဲ့ပြီး၊  အခုတပတ် ဩဂုတ်လ ၂၁ ရက်နေ့မှာတော့  မတ်ပဲ(FAQ ) တစ်တန်ကို ၃,၃၉၅,၀၀၀ ကျပ် ပေါက်စျေး ရှိနေပါတယ်။

ပဲစင်းငုံ (RC)ကတော့ ဩဂုတ် ၁၄  ရက်နေ့က တစ်တန်ကို ၃,၁၈၅,၀၀၀ ကျပ်စျေးရှိခဲ့ပြီး၊ ဩဂုတ်လ ၂၁  ရက်နေ့မှာတော့  တစ်တန်ကို ၃,၂၁၅,၀၀၀ ကျပ်စျေးရှိနေပါတယ်။

ပဲတီစိမ်း (ခရမ်းရွှေဝါ) နဲ့ ပဲခူးရွှေဝါကတော့  ဩဂုတ် ၁၄ ရက်နေ့မှာ တစ်ပိဿာကို ၅,၆၆၅ ကျပ်ရှိပြီး၊    ဝါးခယ်မက ၄,၈၃၀ မှ ၄,၈၅၀ ကျပ်၊  ပဲတီစိမ်း(အညာ)ကတော့ ၄,၀၀၀ မှ ၄,၀၂၀ ကျပ်အတွင်းရှိနေ ပါတယ်။

မြေပဲ

မိုးမြေပဲအသစ်တွေ ဝင်ရောက်မှု များလာတဲ့အတွက် အခုရက်ပိုင်းမှာ စျေးပြန်ကျသွားပါတယ်။ စျေးကျ နေပေမယ့် အရောင်းအဝယ်ကတော့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်နေ့က မန္တလေးကုန်စည်ဒိုင်မှာ S1လုံးဆံ တစ်ပိဿာကို ၁၃,၈၀၀ မှ ၁၄,၅၀၀ ကျပ်၊ S1ဆီဆံ က ၁၂,၈၀၀ မှ ၁၄,၀၀၀ ကျပ်၊ အနီလုံးဆံ (ရှည် / ဝိုင်း)  က ၁၄,၀၀၀ မှ ၁၄,၅၀၀ ကျပ်၊ အနီဆီဆံ (ညာ ) က ၁၂,၀၀၀ မှ ၁၃,၈၀၀ ကျပ် စျေးရှိခဲ့ပါတယ်။

ဩဂုတ် ၂၁ ရက်နေ့ကမှာတော့ မြေပဲS1လုံးဆံ တစ်ပိဿာကို ၁၃,၅၀၀ မှ ၁၃,၇၀၀ ကျပ်၊ S1ဆီဆံက ၁၁,၃၀၀ မှ ၁၂,၅၀၀ ကျပ်၊ အနီလုံးဆံ (ရှည် / ဝိုင်း)  က ၁၃,၅၀၀ မှ ၁၄,၂၀၀ ကျပ်၊ အနီဆီဆံ (ညာ)က ၁၁,၅၀၀ မှ ၁၂,၀၀၀ ကျပ် အသီးသီး ပေါက်စျေးရှိနေပါတယ်။

ပဲဖတ်၊ နှမ်းဖတ်

ပဲဖတ်ရော နှမ်းဖတ်ပါ စျေးကွက်ထဲ အဝင်များလို့ တစ်ပိဿာကို ၁၀၀ လောက် စျေးပြန်အေးသွားပါ တယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်နေ့က မန္တလေးကုန်စည်ဒိုင်မှာ ပဲဖတ် တစ်ပိဿာကို ၇,၆၀၀ မှ ၇,၆၅၀ ကျပ်နဲ့ နှမ်းဖတ်က ၅,၅၅၀ မှ ၅,၆၀၀ ကျပ် စျေးရှိခဲ့ပါတယ်။

ဩဂုတ် ၂၁ ရက်နေ့မှာတော့ ပဲဖတ် တစ်ပိဿာကို ၇,၅၀၀ မှ ၇,၅၅၀ ကျပ်နဲ့ နှမ်းဖတ်က တစ်ပိဿာကို ၅,၅၀၀ မှ ၅,၅၅၀ ကျပ်စျေး ရှိနေပါတယ်။

ကြက်သွန်ဖြူ

ရန်ကုန်၊ ဘုရင့်နောင်စျေးကွက်မှာ ဩဂုတ် ၁၃ ရက်နေ့က ကြက်သွန်ဖြူ (အောင်ပန်းထူး -၂) တစ်ပိဿာ ကို ၅,၃၀၀ ကျပ်၊ ထူး-၃ တစ်ပိဿာကို ၆,၇၀၀ ကျပ်၊ ထူး-၄ က ၇,၇၀၀ ကျပ်၊ ထူး-၅ က ၈,၇၀၀ ကျပ် အသီးသီးပေါက်စျေးရှိခဲ့ပါတယ်။

ဩဂုတ် ၂၁ ရက်နေ့မှာတော့ ကြက်သွန်ဖြူ(အောင်ပန်းထူး-၂) တစ်ပိဿာကို ၆,၃၀၀ ကျပ်၊ ထူး-၃ က ၇,၃၀၀ ကျပ် ၊ ထူး-၄ က ၈,၃၀၀ ကျပ် ၊ ထူး-၅ က ၉,၃၀၀ ကျပ်စျေး အသီးသီး ပေါက်စျေးရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.