September 3, 2026

အိန္ဒိယရဲ့ သကြားဝယ်လိုအားကြောင့် ကမ္ဘာ့သကြားစျေး ဆက်တိုက်မြင့်တက်လာ

The Farmer Times၊ ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၆

ကမ္ဘာပေါ်မှာ သကြားဒုတိယအများဆုံး ထုတ်လုပ်တဲ့ အိန္ဒိယနိုင်ငံက ဆယ်စုနှစ်အတွင်းမှာ ပထမဆုံးအ ကြိမ်အဖြစ် ပြည်ပကနေ သကြားတင်သွင်းမှု ပြုလုပ်ပြီးနောက် ကမ္ဘာ့သကြားစျေး ဆက်တိုက်မြင့်တက် လာတယ်လို့ ကြံ၊ သကြားကုန်သည်တွေက ပြောပါတယ်။

အိန္ဒိယက ကမ္ဘာပေါ်မှာ သကြားထုတ်လုပ်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပေမယ့် အယ်လ်နီညို ရာသီဥတု ကြောင့် မိုးနည်းပြီး သကြားအထွက်နှုန်း လျော့ကျခဲ့တဲ့အတွက် ရိုးရာမုန့်တွေ အစားများတဲ့ ပွဲတော်ရာသီ မတိုင်ခင်မှာ သကြားစျေး တည်ငြိမ်စေဖို့ အိန္ဒိယအာဏာပိုင်တွေက အ ခုဩဂုတ်လအတွင်းမှာ ပြည်ပ ကနေ သကြားကို တင်သွင်းနေတာ ဖြစ်ပါတယ်။

ဝယ်လိုအားမြင့်တက်မှုကြောင့် ကမ္ဘာ့စျေးကွက်မှာ သကြားတစ်တန်ကို အမေရိကန်ဒေါ်လာ ၅၄၆ ဒေါ် လာအထိ မြင့်တက်လာတယ်လို့ ဩဂုတ်လ ၂၀ ရက်နေ့က International Sugar Organization (ISP) အဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၃ ရက်နေ့က ISP က ထုတ်ပြန်ထားတဲ့ ကမ္ဘာ့သကြားစျေးက ၄၆၉ ဒေါ်လာသာရှိခဲ့ပြီး၊ ဩဂုတ် လ ၇ ရက်မှာတော့ သကြား တစ်တန်ကို ၅၀၃ ဒေါ်လာအထိ မြင့်တက်လာပြီး အဲဒီနောက်မှာ ကမ္ဘာ့သ ကြားစျေးက ဆက်တိုက်တက်လာတာ ဖြစ်ပါတယ်။

အခု ဩဂုတ်လ ၂၈ ရက်မှာတော့ ကမ္ဘာ့သကြားစျေးက တစ်တန်ကို ၅၁၀ ဒေါ်လာမှ ၅၃၈ ဒေါ်လာ ဝန်း ကျင်ထိ မြင့်တက်နေပြီး၊ အခုဩဂုတ်လအတွင်းမှာ ကမ္ဘာ့သကြားစျေးက ၃ဒသမ၄၁ ရာခိုင်နှုန်းခန့် မြင့် တက်လာတယ်လို့ သကြားကုန်သည်တွေက ပြောပါတယ်။

” အိန္ဒိယက သကြားအထွက်လျော့လို့ ပြည်ပကနေ တင်သွင်းရတဲ့အထိဖြစ်တော့ အဲဒီဂယက်ကြောင့် ကမ္ဘာ့သကြားစျေးပါ တက်လာတဲ့သ ဘောရှိတယ်။ အိန္ဒိယ သကြားစျေးကွက်က မြန်မာနဲ့ဆက်စပ်မှု မရှိပေမယ့် ကမ္ဘာ့သကြားစျေးတက်တော့ ပြည်တွင်းသကြားစျေးပါ လှုပ်လာတယ်။ “ လို့ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း(MSCA)ဝင် ကုန်သည်တစ်ဦးက ပြောပါတယ်။

ကမ္ဘာ့သကြားသကြားစျေး ဆက်တိုက်မြင့်တက်လာတဲ့အတွက် ပြည်တွင်းသကြားစျေးလည်း မြင့်တက် လာရာ၊ မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ဩဂုတ်လ ၂၂ ရက်နေ့က သကြား တစ်ပိဿာကို ၃,၄၅၀ မှ ၃,၆၀၀ ကျပ်စျေးရှိခဲ့ရာကနေ ဩဂုတ်လ ၂၃ ရက်မှာတော့ တစ်ပိဿာကို ၃,၉၇၀ မှ ၄,၀၅၀ ကျပ်အထိ ခုန်တက်သွားပါတယ်။

အခုဩဂုတ်လ ၂၈ ရက်နေ့မှာတော့ သကြား တစ်ပိဿာကို ၃,၆၁၂ မှ ၄,၂၀၀ ကျပ်ဝန်းကျင်စျေးဖြင့် တည်ဈေးငြိမ်နေတယ်။

လတ်တလော သကြားစျေး မြင့်တက်လာပေမယ့် ပြည်တွင်းမှာ သကြားလက်ကျန်ပမာဏ တော်တော် များများ ရှိသေးတာကြောင့် အရောင်းအဝယ်ကတော့ အေးနေတယ်လို့ သိရပါတယ်။

” သကြားစျေးက ၂၃ ရက်နေ့ကစတက်တယ်။ စျေးတက်ပေမယ့် အရောင်းအဝယ် ပါးပါတယ်။ လက် ကျန်တွေလည်းရှိတယ်။ ဒီနှစ် ပြည်ပတင်ပို့မှုကလည်း တစ်သိန်းအောက်ပဲရှိတယ်။ ကမ္ဘာ့သကြားစျေး ကျခဲ့တော့ စျေးမကိုက်လို့ သိပ်မပို့ကြဘူး။ အရင်ရက်တွေကအထိ ကမ္ဘာ့သကြားစျေးက ၄၆၀ ကျော်ပဲ ရှိတာလေ။ အခုမှတက်လာတာ။ “ လို့ သူက ဆက်ပြောပါတယ်။

အခုနှစ်မှာ မြန်မာနိုင်ငံကနေ ပြည်ပကို သကြားတင်ပို့မှု လျော့ကျခဲ့တဲ့အပြင် ပြည်တွင်းစားသုံးမှုက လည်း လျော့နည်းတဲ့ အခြေအနေကြောင့် သကြားလက်ကျန်များပြီး၊ အရောင်းအဝယ် အေးနေတာ ဖြစ် တယ်လို့ သိရပါတယ်။

ပြည်ပကို သကြားတင်ပို့မှု အနေနဲ့ကတော့ ဗီယက်နမ်နိုင်ငံကိုသာ အဓိက တင်ပို့နေခြင်းဖြစ်ပြီး၊ အခုနှစ် မှာ တင်ပို့မှုက ပြီးခဲ့တဲ့နှစ်က တင်ပို့မှုထက်ပိုပြီး လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကြံကြိတ်ခွဲရာသီလည်း ကုန်ဆုံးသွားပြီဖြစ်သလို သကြားလက်ကျန် ပမာဏကလည်း တောင် သူတွေဆီမှာ မရှိတော့ဘဲ ပွဲရုံတွေနဲ့ကုန်သည်တွေ လက်ဝယ်မှာသာ ကျန်ရှိတော့တဲ့အတွက် သကြား စျေး မြင့်တက်မှုက စိုက်ပျိုးသူတွေအတွက် အကျိုးအမြတ်ရရှိမှု မရှိသလောက်ဖြစ်တယ်လို့ ကြံစိုက် တောင်သူတွေက ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ ကြံရာသီမှာ စစ်ကိုင်းတိုင်းအထွက်ပိုင်းက ကြံတန်ချိန် သိန်းနဲ့ချီ အထွက်လျော့ခဲ့တာကြောင့် သ ကြားအထွက်နူန်းလျော့ကျခဲ့ပြီး၊ စက်ရုံတွေဘက်က ကြံဖိုးငွေပေးချေဖို့ ပျက်ကွက်နှောင့်နှေးတာ၊ ငွေ သားအစား သကြားကို တောင်သူတွေထံ ပြန်ပေးတာတွေလည်း ရှိခဲ့တာကြောင့် သကြားစက်ရုံတွေနဲ့ တောင်သူတွေကြား သဘောထားတင်းမာမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.