မတ်ပဲနဲ့ ပဲစင်းငုံက စျေးလှုပ်ခတ်နေပြီး၊ မြေပဲနဲ့ ကြက်သွန်ဖြူ စျေးမြင့်တက်လာ
The Farmer Times၊ ရန်ကုန်၊ စက်တင်ဘာ ၁၅၊ ၂၀၂၆
စက်တင်ဘာ ၄ ရက်ကနေ စက်တင်ဘာ ၁၄ နေ့အထိ စျေးကွက်အတွင်း အတက်အကျ အနိမ့်အမြင့် ဖြစ်သွားတဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းတွေကို ပြောပြပေးချင်ပါတယ်။
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံက စျေး တည်ငြိမ်မှု မရှိဘဲ၊ လှုပ်ခတ်နေပါတယ် ။ မန္တလေးကုန်စည်ဒိုင်မှာတော့ မြေပဲစျေး အနည်းငယ်မြင့်တက် လာပြီး၊ ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူကလည်း စျေးမြင့်တက်လာတာကို တွေ့ရပါတယ်။
မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း
အိန္ဒိယကစျေးကွက်မှာ မတ်ပဲစျေးမြင့်ပြီး၊ ဝယ်လိုအားရှိလာတဲ့အတွက် ပြည်တွင်းမတ်ပဲစျေးလည်း အ တက်ဘက် ပြန်ရောက်လာပါတယ်။ စျေးက ပြန်တက်လာတယ်ဆိုပေမယ့် အရောင်းအဝယ်တော့ အေး နေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်းဒိုင်မှာ မတ်ပဲ (FAQ) တစ်တန်ကို ၃,၄၁၈,၀၀၀ ကျပ် ပေါက်စျေးရှိခဲ့ပြီး၊ စက်တင်ဘာ ၁၄ ရက်နေ့မှာတော့ မတ်ပဲ (FAQ) တစ်တန်ကို ၃,၄၂၂,၀၀၀ ကျပ် စျေးရှိနေပါတယ်။
အလားတူ ပဲစင်းငုံ (RC) က ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်းဒိုင်မှာ တစ် တန်ကို ၃,၄၂၅,၀၀၀ ကျပ် ပေါက်စျေးရှိခဲ့ပြီး၊ စက်တင်ဘာ ၁၄ ရက်နေ့မှာတော့ တစ်တန်ကို ၃,၄၅၀,၀၀၀ ကျပ် စျေးရှိနေပါတယ်။
ပဲတီစိမ်း (ခရမ်းရွှေဝါ) နဲ့ ပဲခူးရွှေဝါကတော့ စက်တင်ဘာ ၁၄ ရက်နေ့မှာ တစ်ပိဿာကို ၅,၆၆၅ ကျပ် စျေးရှိနေပြီး၊ ပဲတီစိမ်း(အညာ) က တစ်ပိဿာကို ၄,၀၀၀ မှ ၄,၀၂၀ ကျပ်နဲ့ ဝါးခယ်မက တစ်ပိဿာကို ၄,၅၀၀ မှ ၄,၅၂၀ ကျပ် စျေးရှိနေပါတယ်။
မြေပဲ
မြေပဲကတော့ စျေးကွက်ထဲမှာ ဝယ်လိုအားရှိနေပေမယ့် ကုန်အဝင်နည်းပါးတဲ့ အခြေအနေကြောင့် စျေး ပြန်တက်လာပါတယ်၊ လက်ရှိ စျေးကွက်ထဲမှာ ဆီစက်တွေနဲ့ ကုန်သည်တွေက အဝယ်လိုက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က မန္တလေးကုန်စည်ဒိုင်မှာ မြေပဲ (S1 လုံးဆံ) တစ်ပိဿာကို ၁၂,၀၀၀ မှ ၁၂,၁၀၀ ကျပ်၊ S1 ဆီဆံက ၁၀,၅၀၀ မှ ၁၁,၇၀၀ ကျပ် ၊ အနီလုံးဆံ ( ရှည် / ဝိုင်း) က ၁၁,၅၀၀ မှ ၁၂,၃၀၀ ကျပ်၊ အနီဆီဆံ (ရှမ်း)က ၁၀,၀၀၀ မှ ၁၀,၇၀၀ ကျပ် အသီးသီး ပေါက်စျေးရှိခဲ့ပါတယ်။
စက်တင်ဘာ ၁၄ ရက်မှာတော့ မန္တလေးကုန်စည်ဒိုင်မှာ မြေပဲ (S1 လုံး ဆံ) တစ်ပိဿာကို ၁၂,၅၀၀ မှ ၁၂,၇၀၀ ကျပ်၊ S1 ဆီဆံက ၁၁,၃၀၀ မှ ၁၂,၆၀၀ ကျပ်၊ အနီလုံးဆံက ၁၂,၃၀၀ မှ ၁၂,၅၀၀ ကျပ် အသီးသီး စျေးမြင့်တက်လာတာကို တွေ့ရပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာမှာ ပဲဖတ် တစ်ပိဿာကို ၇,၁၅၀ မှ ၇,၂၀၀ ကျပ်နဲ့ နှမ်းဖတ်က တစ်ပိဿာကို ၅,၃၀၀ ကျပ် စျေးရှိနေပါတယ်။
ကြက်သွန်ဖြူ
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က ရန်ကုန်၊ ဘုရင့်နောင်စျေးကွက်မှာ ကြက်သွန်ဖြူ (အောင်ပန်းထူး- ၂) က တစ်ပိဿာကို ၆,၃၀၀ ကျပ်၊ ထူး-၃ က တစ်ပိဿာကို ၇,၃၀၀ ကျပ် ၊ ထူး-၄ က ၈,၃၀၀ ကျပ်၊ ထူး-၅ က ၉,၃၀၀ ကျပ် အသီးသီး ပေါက်စျေးရှိပါတယ်။
စက်တင်ဘာ ၁၄ ရက်မှာတာ့ ကြက်သွန်ဖြူ (အောင်ပန်းထူး- ၂) က တစ်ပိဿာကို ၆,၅၀၀ ကျပ်၊ ထူး-၃ က တစ်ပိဿာကို ၇,၅၀၀ ကျပ် ၊ ထူး-၄ က ၈,၅၀၀ ကျပ်၊ ထူး-၅ က ၉,၅၀၀ ကျပ် အသီးသီးပေါက်စျေး မြင့်တက်လာတာကို တွေ့ရပါတယ်။
