ငါးသားပေါက် မွေးမြူရောင်းချသူများတွေ အရှုံးပေါ်လို့ လုပ်ငန်းလျော့ချ၊ ရပ်နားဖို့ ပြင်ဆင်လာ
The Farmer Times၊ စက်တင်ဘာလ ၂၃ ရက်၊ ၂၀၂၆။
ငါးသားပေါက် မွေးမြူရောင်းချတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ အခုနှစ်မှာ ရောင်းအားထက်ဝက်နီးပါး ကျဆင်း ပြီး၊ အစာဈေးနှုန်း မြင့်တက်လာတာကြောင့် ကုန်ကျစရိတ် မမျှမတဖြစ်ပြီး အရှုံးပေါ်လို့ လုပ် ငန်းလျှော့ချ သူတွေနဲ့ ရပ်နားဖို့ ပြင်နေသူတွေ များလာတယ်လို့ ငါးသား ပေါက် မွေးမြူတဲ့ လုပ်ငန်းအသိုင်းအဝိုင်းက သတင်းရရှိပါတယ်။
ငါးသားပေါက်ဈေးနှုန်းက ပြီးခဲ့တဲ့နှစ်က ရောင်းချခဲ့ရတဲ့ ဈေးအတိုင်းသာ ရှိနေပေမယ့် သွင်းအားစုဖြစ်တဲ့ အစာဈေးနှုန်း၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ လုပ်အားခအပါအဝင် အထွေထွေ ကုန်ကျစရိတ် အဆမတန် မြင့်တက်လာတာကြောင့် တွတ်ခြေမကိုက်တာလို့ ငါးမွေးမြူရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
