October 18, 2026

“သိုလှောင်ရုံကုန်အပ် လက်မှတ်” ကို အခြေခံသည့် ငွေကြေးထောက်ပံ့မှုစနစ်  နိုဝင်ဘာတွင် စမည်

The Farmer Times၊ အောက်တိုဘာလ ၇ ရက်၊ ၂၀၂၆။

စပါးစိုက်တောင်သူတွေ ပါဝင်နိုင်မယ့်   “သိုလှောင်ရုံကုန်အပ် လက်မှတ်ကို အခြေခံပြီး ငွေကြေးထောက် ပံ့မှုစနစ် (Warehouse Receipt Financing)” ကို အခုနှစ် မိုးစပါးရိတ်သိမ်းချိန် နိုဝင်ဘာနဲ့ ဒီဇင်ဘာလ တို့မှာ စတင်အကောင်ထည် ဖော်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်-MRF က ပြောပါတယ်။

သိုလှောင်ရုံမှတ်ပုံတင်စနစ် (MyRO) စနစ်မှာ မှတ်ပုံတင်ထားတဲ့ သိုလှောင်ရုံ (၅,၈၈၆) ရုံ အနက် အ ခြောက်ခံစက်တွေနဲ့  အခြားသတ်မှတ်ချက်တွေ၊ လိုအပ်ချက်တွေနဲ့  ကိုက်ညီတဲ့  သိုလှောင်ရုံတွေမှာ စ ပါးစိုက်တောင်သူတွေ စပါးအပ်နှံနိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အဆိုပါစနစ်ကို အကောင်အထည်ဖော်နိုင်ပါက တောင်သူတွေအနေနဲ့ ရိတ်သိမ်းပြီးတဲ့ စပါးကို သိုလှောင် ရုံမှတ်ပုံတင်ထားတဲ့ ဆန်စက်တွေမှာ အပ်နှံနိုင်မှာဖြစ်ပြီး၊ အပ်နှံထားတဲ့ စပါးအရေအတွက်နဲ့ အရည်အ သွေးကို စိစစ်ရေးသားထားတဲ့ လက်ခံပြေစာကို  သိုလှောင်ရုံက စနစ်တကျထုတ်ပေးသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

အဲဒီပြေစာနဲ့ ချေးငွေးရယူနိုင်မယ့် အစီအစဥ်ကို ဘဏ်တွေ၊ အာမခံအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင် ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တောင်သူတစ်ဦး က ” စနစ်ကတော့ ကောင်းပါတယ်။ တကယ်အကောင်ထည် ဖော်နိုင်ဖို့ပဲလိုတယ်။ အခုလည်း ဒီပုံစံမျိုးနဲ့ ရွာဘက်တွေမှာ လုပ်နေတာရှိပေမယ့် ဘာအာမခံမှုမှတော့ မရှိဘူး။ ဘာစာရွက်စာ တမ်းမှလဲမရှိဘူး။ ယုံကြည်မှုနဲ့ လုပ်နေကြတာ။ ရိတ်ပြီးစက်ကျကို အပ်လိုက်တယ်။ အချိန်တန်လို့ ကိုယ်ကြိုက်တဲ့စျေးရလို့ စျေးဖြတ်တော့မယ်ဆိုရင် စပါးတစ်ရာဆိုရင် ၁၀ တင်းအလျော့နဲ့ ဖြတ်ပေး တာ။ ယုံကြည်မှုနဲ့ဆိုတော့ လိမ်သွားရင် မတတ်နိုင်ဘူး။ အခုသိုလှောင်ရုံတွေမှာ စာရွက်စာတမ်းနဲ့ အပ်နှံနိုင်မယ်ဆိုရင် ပိုကောင်းတာပေါ့။ ” လို့ ပြောပါတယ်။

စပါးပေါ် ချိန်မှာ  ဝယ်လိုအားနဲ့ ရောင်းလိုအား ကွာဟချက် ကြီးမားခြင်းကြောင့် စပါးဈေးကျဆင်း လေ့ ရှိတဲ့အတွက် တောင်သူတွေ အခက်အခဲဖြစ်ပြီး၊  ဝင်ငွေလျော့နည်းရရှိခြင်း ၊ တောင်သူတွေ လက်ထဲမှာ စပါးမရှိချိန်ရောက်မှ ဈေးပြန်လည်မြင့်တက်လေ့ရှိပြီး သီးနှံသိုလှောင်မှု အကျိုးကျေးဇူးကို ကုန်သည်၊ စက်ပိုင်တွေနဲ့  လှောင်လက်များသာရရှိပြီး၊ တောင်သူလယ်သမားတွေက  ရရှိခံစားနိုင်မှု အလွန်နည်းပါး တယ်လို့လည်း MRF က ဆိုပါတယ်။

ဒါကြောင့် တောင်သူတွေ စပါးသီးနှံရိတ်သိမ်းပြီးနောက်ပိုင်း လေလွင့်ဆုံးရှုံးမှုများ လျော့ချနိုင်ရေးနှင့် စပါးစိုက်တောင်သူများ ဝင်ငွေတိုးတက်ရရှိရေးအတွက် သိုလှောင်ရုံကုန်အပ်စနစ်ကို ဖော်ဆောင်တာ ဖြစ်တယ်လို့ သိရပါတယ်။

တောင်သူတွေအနေနဲ့  တစ်ဦးတစ်ယောက်တည်း အပ်နှံ ဆောင်ရွက်ခြင်းထက် စနစ်တကျစုဖွဲ့ပြီး  စု ပေါင်းဆောင်ရွက်ခြင်း၊ သမဝါယမ အသင်းအဖွဲ့  ပုံစံဖြင့် ဖွဲ့စည်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နိုင် ပါက ပိုမိုထိရောက် အကျိုးရှိနိုင်တယ်လို့ ဆိုပါတယ်။

” စပါးပေါ်ချိန်ဆို စျေးကျတာထုံးစံလိုဖြစ်ပြီး တောင်သူတွေ စပါးမရှိချိန်ဆိုစျေးက တက်ရော။ တောင် သူကလည်း စပါးပေါ်ပြီဆို ပေးစရာတွေက ရှိတာတကြောင်း၊ သိုလှောင်ဖို့နေရာ အခက်အခဲ၊ အလုပ် သမားရှားတာကြောင့် အများစုက မလှောင်နိုင်ကြဘူး။ ဒါကြောင့် ခုလိုစပါးအပ်ပြီး လိုတဲ့ငွေကို ဘဏ် တိုးလောက်နဲ့ ချေးရမယ်။ စပါးစျေးတက်မှ ထုတ်ရောင်း၊ အကြွေးဆပ်မယ်ဆိုရင် တောင်သူတွေ အ သက်ရှုချောင်မယ်။ ဒီသဘောလို့ မြင်ပါတယ်။ ” လို့ ဆန်၊ စပါးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

သိုလှောင်ရုံကုန်အပ် လက်မှတ်ကို အခြေခံတဲ့ ငွေကြေးထောက်ပံ့မှုစနစ် အကောင်ထည်ဖော်မှုမှာ ပူး ပေါင်းပါဝင် ဆောင်ရွက်လိုတဲ့ သိုလှောင်ရုံလုပ်ငန်းရှင်များအနေနဲ့  အခုအောက်တိုဘာလအတွင်း အမြန် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ဖို့ MRF က အသိပေးထားပါတယ်။

ဒါ့အပြင်  အရည်အသွေး၊ အရေအတွက် စိစစ်အကဲဖြတ်ခြင်း၊ တန်ဖိုးသတ်မှတ်ခြင်းနဲ့ သိုလှောင်ထား ချိန်မှာ သီးနှံတွေလေလွင့်ဆုံးရှုံးမှု မဖြစ်စေဖို့ အခါအားလျော်စွာ ထိန်းသိမ်းကြီးကြပ် ဆောင်ရွက်ပေး မယ့် တတိယအဖွဲ့အစည်း/ ကျွမ်းကျင်သူ (Third Party/ Third Person)  လိုအပ်ပြီး၊ အတွေ့အကြုံရှိတဲ့ အ ဖွဲ့အစည်းတွေ၊ ကျွမ်းကျင်သူတွေကိုလည်း ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။

သိုလှောင်ရုံမှာ  သီးနှံကုန်စည်အပ်နှံမှုအပေါ် ကာလတို (၆) လမှ (၉) လ သက်တမ်းအတွက် သင့်တင့်မျှတ တဲ့ ဘဏ်အတိုးနှုန်းနဲ့ ချေးငွေထုတ်ပေးမယ့် ဘဏ်တွေ၊ အာမခံဆောင်ရွက်မှုပေးမယ့် အာမခံအဖွဲ့အ စည်းတွေကိုလည်း လုပ်ငန်းပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။

စပါးကို ရိတ်သိမ်းပြီးနောက် အခြောက်ခံစက်နဲ့ အခြောက်ခံပြီး  သိုလှောင်ရုံမှာ စနစ်တကျ သိုလှောင် ထိန်းသိမ်းခြင်းကြောင့် စပါးရိတ်သိမ်းပြီးနောက်ပိုင်း လေလွင့်ဆုံးရှုံးမှုကို လျော့ချနိုင်ခြင်း၊  တောင်သူ တွေ ဝင်ငွေတိုးတက်ရရှိခြင်း၊ သီးနှံအရည်အသွေး ပိုမိုကောင်းမွန်ခြင်း၊ ရာသီဥတုပြောင်းလဲမှုတွေ  ပြင်း ထန်စွာ ဖြစ်ပေါ်နေချိန်မှာ နိုင်ငံအတွင်း သီးနှံကို စနစ်တကျ သိုလှောင်ထိန်းသိမ်းထားနိုင်ခြင်း၊ အလုပ်အ ကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်ခြင်းနဲ့ သတင်းအချက်အလက်များ ပိုမိုစနစ်တကျရရှိခြင်း စတဲ့  အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်လို့ သုတေသန စစ်တမ်းကောက်ယမှုများအရ တွေ့ရှိရတယ်လို့လည်း  MRF က အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.