, ,

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ခံဝန်ဖြင့် ထောင်ကပြန်လွတ်လာ

The Farmer Timesမေ ၁၃ ရက်၊ ၂၀၂၆။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ထောင်ဒဏ်ကျခံနေရာကနေ မေလ ၁၁ ရက် ဒီကနေ့ နေ့နံနက်ပိုင်းမှာ ခံဝန်နဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ ထိုင်းသတင်းတွေမှာ ကဖော်ပြထားပါတယ်။ သက်ဆင်ဟာ လက်ရှိ ခံဝန်ကာလအတွင်း စက်တင်ဘာလ ၉ ရက်နေ့အထိ အီလက်ထရောနစ်..

The Farmer Times
မေ ၁၃ ရက်၊ ၂၀၂၆။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ထောင်ဒဏ်ကျခံနေရာကနေ မေလ ၁၁ ရက် ဒီကနေ့ နေ့နံနက်ပိုင်းမှာ ခံဝန်နဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ ထိုင်းသတင်းတွေမှာ ကဖော်ပြထားပါတယ်။

သက်ဆင်ဟာ လက်ရှိ ခံဝန်ကာလအတွင်း စက်တင်ဘာလ ၉ ရက်နေ့အထိ အီလက်ထရောနစ် စောင့်ကြည့်ရေး (EM) လက်ပတ်ကို ဝတ်ဆင်ထားရမှာဖြစ်ပြီး၊ ထောင်က လွတ်မြောက်ပြီး သုံးရက်အတွင်း ဘန်ကောက်မြို့က Probation Office1 ကို သတင်းပေးပို့ရမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဘန်ကောက်မြို့ရှိ Klongprem ဗဟိုအကျဉ်းထောင်က ခံဝန်ဖြင့် လွှတ် ပေးလိုက်တာဖြစ်ပြီး Chatuchak နယ်မြေဘက်ရှိ အကျဉ်းထောင်တံခါးဝက ထွက်လာတဲ့ သက်ဆင်ကို မိသားစုဝင်များ၊ Pheu Thai ပါတီဝင်များ၊ ရှပ်နီအဖွဲ့ဝင်များနဲ့ ထောက်ခံသူလူအုပ်ကြီးက ကြိုဆိုခဲ့ကြပါတယ်။

သက်ဆင်ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း ဝန်ကြီးချုပ်တာဝန် ရယူထားချိန်မှာ အာဏာအလွဲ သုံးမှု၊ အဂတိမှုများအတွက် ချမှတ်ခံရတဲ့ ထောင်ဒဏ် ၁ နှစ်အတွက် အကျဥ်းထောင်မှာ ၈ လကြာ နေခဲ့ရပြီး၊ အခုလို ပြန်လွတ်လာတာပါ။

ပြည်ပမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့ သက်ဆင်ဟာ ၂၀၂၃ ခုနှစ်မှာ ထိုင်း နိုင်ငံကို ပြန်လာခဲ့ပြီး ၎င်းရဲ့မျက်ကွယ်မှာ ချမှတ်ထားတဲ့ အဂတိမှု၊ အာဏာအလွဲသုံးစားမှုကဲ့သို့ ပြစ် ဒဏ်များအတွက် ထောင်ဒဏ် ၈ နှစ် စီရင်ချက်ကို လက်ခံခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဘုရင်မင်းမြတ်ရဲ့ အမိန့်အရ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ပြစ်ဒဏ်ကို ၁ နှစ်အထိ လျှော့ချပေး ခဲ့ရာမှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့တဲ့အတွက် တရားရုံးမှာ ပြန်လည်စစ်ဆေးခဲ့ပြီး၊ သက်ဆင် ဆေးရုံ တက်နေခဲ့တဲ့ ကာလကို ထောင်ဒဏ်အဖြစ် သတ်မှတ်လို့ မသတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ထိုင်းနိုင်ငံရေး လောကရဲ့ ထိပ်သီးနိုင်ငံရေးသမား တစ် ဦးအဖြစ်ပြီး ၎င်းဦးဆောင်တဲ့ ဖျူထိုင်းပါတီဟာလည်း လက်ရှိ ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူရဲ့ ဖုန်ချိုင်ထိုင်းပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရထဲမှာ ပါဝင်နေပါတယ်။

About the Author

Leave a Reply

Your email address will not be published. Required fields are marked *

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed