ပြည်တွင်း ကြက်သွန်နီစျေး ဆက်တိုက်မြင့်တက်နေ
The Farmer Times၊ နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၆။
ပြည်တွင်းစျေးကွက်အတွင်း ကြက်သွန်နီစျေး ဆက်တိုက်မြင့်တက်လာပြီး ဘုရင့်နောင်ကုန်စည်ဒိုင် လက်ကားဒိုင်အဖွင့်စျေး တစ်ပိဿာကို အမြင့်ဆုံး ၁၄,၀၀၀ ကျပ်အထိ ပေါက်စျေးရှိလာတာ ဖြစ်ပါတယ်။
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်ကို နိုဝင်ဘာ ၇ ရက်နေ့က ကြက်သွန်နီ(ဆိပ်ဖြူ) တစ်ပိ၁သာကို ၁၀,၀၀၀ မှ ၁၃,၈၀၀ ကျပ်အတွင်း စျေးဖွင့်ထားပြီး၊ ကြက်သွန်နီ(မြင်းခြံ) ကတော့ တစ်ပိ၁သာကို ၁၀,၀၀၀ မှ ၁၄,၀၀၀ ကျပ်၊ ကြက်သွန်နီ(တောင်သာ) က တစ်ပိ၁သာကို ၈,၀၀၀ မှ ၁၃,၀၀၀ ကျပ်အတွင်း အသီးသီးစျေးဖွင့်ထားတာကို တွေ့ရပါတယ်။
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်ကို နိုဝင်ဘာ ၇ ရက်နေ့က ကြက်သွန်နီ ကုန်ကားအစီးရေ ၁၆ စီးဝင် ကြက်သွန် ပိဿာချိန် ၉၆,၀၀၀ ခန့် ဝင်ရောက်မှုရှိခဲ့ပြီး၊ လက်ကားစျေး တက်လာတာကြောင့် လက်လီ စျေးကွက်မှာလည်း ကြက်သွန်အသေး၊ အလတ်၊ အကြီးဆိုက်ဆိုပြီး အရွယ် အစားအလိုက် တစ်ပိဿာကို ၁၅,၀၀၀ မှ ၁၇,၀၀၀ ကျပ်အထိ စျေးရှိလာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
” အကြီးအသေးရွေးတာက ကုန်သည်လက်ထဲရောက်မှလုပ်တာ။ အသေးကိုတော့ အရင်းသဘောထား ရောင်းကြတယ်။ အလတ်၊ အကြီး၊ အချောအသန့်ကတော့ အမြတ်ရတဲ့စျေးနဲ့ ရောင်းတယ်။ အခုက နွေ ကြက်သွန် လက်ကျန်အတော်ကို နည်းလာပြီ။ အသစ်ကလည်း ပခုက္ကူဘက်ဆို မပေါ်သေးဘူး။ အသစ် တွေ လှိုင်လှိုင်ပေါ်လောက်မှ စျေးကကျမယ်။ အခုက ပခုက္ကူကိုဝင်တဲ့ ကြက်သွန်ဆိုရင် တောင်သူတွေ က မျိုးချန်ထားတာကနေ ခွဲရောင်းနေကြတာ။ ပြောရမယ်ဆိုရင် ဒီတသောင်းကျော်စျေးတန်းကို ရောင်းဖူးတယ်ရှိအောင်ဆိုပြီး ရောင်းကြတာ။ ” လို့ ပခုက္ကူမြို့နယ်ရှိ ကြက်သွန်ကုန်သည်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်ပိဿာချိန် ၃,၂၀၀ ခန့်ဝင်ရောက်ခဲ့ပြီး၊ ယောစ(ကြက်သွန်) က တစ်ပိဿာကို ၇,၅၀၀ မှ ၁၁,၃၅၀ ကျပ်၊ တောင်ဘက်ကမ်း(ကြက်သွန်)က တစ် ပိဿာကို ၉,၀၀၀ မှ ၁၂,၁၀၀ ကျပ်စျေးဖွင့်ထားတယ်လို့ သိရပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ နွေကြက်သွန်ကုန်ချိန် ၁၆,၇၂၀ ခန့် ဝင်ရောက်မှုရှိခဲ့ပြီး၊ စျေးနူန်းအနေနဲ့ တစ် ပိဿာကို ၉,၅၀၀ မှ ၁၃,၀၀၀ ကျပ် ပေါက်စျေးရှိခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
လက်ရှိမှာ မြင်းခြံ၊ မလှိုင်၊ မြစ်သားဒေသတို့မှာ မိုးကြက်သွန်နီအသစ်တွေ စတင်ထွက်ပေါ်နေပြီး၊ စျေး ကွက်ထဲဝင်ရောက်နေပေမယ့် ကုန်ချိန်အလွန်နည်းပါးတဲ့အတွက် စျေးတန်းအနေနဲ့ တစ်ပိဿာကို ၆,၀၀၀ မှ ၇,၅၀၀ ကျပ်အကြား ပေါက်စျေးရှိနေပါတယ်။
ကြက်သွန်စျေး ဆက်တိုက်မြင့်တက်ပြီး၊ ကုန်ပစ္စည်းရှားပါးတဲ့အတွက် ပွဲစားတွေက မိုးကြက်သွန်အသစ် ကို စိုက်ခင်းထဲအထိဆင်းပြီး စျေးကောင်းပေးကာ အခင်းပြတ်ဝယ်ယူနေကြတယ်လို့ တောင်သူတွေက ပြောပါတယ်။
” အရင်ရက်က ညီလေးအခင်းရောင်းလိုက်တာ ၇,၀၀၀ စျေးရတယ်။ ပွဲစားတွေက ကိုအရမ်းလိုချင်နေ ကြတာ။ အရင်လတုန်းက အခင်းပြတ်ထွက်သလောက် ကုန်ချိန်ကို ၅,၀၀၀ နဲ့ရောင်းထားသူတွေ အ မြတ်နည်းသွားတာပေါ့။ အခုက အလုံးကြီး ချောရင်သန့်ရင် ၇,၅၀၀ အခင်းထဲတင်ပြတ်တယ်။ အခုပေါ် နေတာက နည်းပါသေးတယ်။ ” လို့ မြင်းခြံမြို့နယ်က တောင်သူကိုဝင်းမောင်က ပြောပါတယ်။
လက်ရှိမှာ ကြက်သွန်ကို ပြည်ပဝယ်လိုအား ကောင်းနေချိန်ဖြစ်ပြီး၊ လက်ကျန်ကနည်းလာတဲ့အတွက် စျေးဆက်တိုက်တက်လာတာဖြစ်ပြီး၊ အခုနှစ်မှာ ဖြစ်ပေါ်နေတဲ့ ကြက်သွန်စျေးဟာ သက်တမ်းတ လျှောက်မှာ ဖြစ်ပေါ်ခဲ့တဲ့ စျေးတန်းတွေထဲမှာ အမြင့်ဆုံးစျေးနူန်း ဖြစ်တယ်လို့ တောင်သူတွေနဲ့ ကုန် သည်တွေက ပြောဆိုကြပါတယ်။
