July 7, 2026

ICC ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရဲချုပ်ဟောင်းအမတ်ကို ဖမ်းဆီးဖို့ ကြိုးစားရာက ဖိလစ်ပိုင်လွှတ်တော် အတွင်း ပစ်ခတ်မှုဖြစ်ပွား

The Farmer Times၊ မေလ ၁၄ ရက်၊ ၂၀၂၆

ဖိလစ်ပိုင်နိုင်ငံ လွှတ်တော်အဆောက်အအုံအတွင်းမှာ မေလ ၁၃ ရက် (ဗုဒ္ဓဟူးနေ့ညပိုင်း) က အထက် လွှတ်တော်အမတ် ရော်နယ်ဒဲလားရိုဆာ (Ronald dela Rosa) ကို အာဏာပိုင်တွေက ဖမ်းဆီးဖို့ ကြိုးစား ရာကနေ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားပြီး၊ သေနတ်ပစ်ခတ်သံတွေ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါ တယ်။

ဖိလစ်ပိုင်နိုင်ငံ ရဲချုပ်ဟောင်း ရော်နယ်ဒဲလားရိုဆာကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွဲ ချက်နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က ဖမ်းဝရမ်း ထုတ်ထားတာဖြစ်ပြီး၊ ရော်နယ်ဒဲလား ရိုဆာ (Ronald dela Rosa) ကို အာဏာပိုင်တွေက ဖမ်းဆီးဖို့ ကြိုးစားရာကနေ အခုလို ပစ်ခတ်မှု ဖြစ်ပွား ခဲ့တာပါ။

ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေနတ်သံတွေ ထွက်ပေါ်လာချိန်မှာ လွှတ်တော်လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေနဲ့ ဟိုဟိုဒီဒီ ပြေးလွှား နေခဲ့ကြပြီး၊ အလုပ်သမားတွေကိုလည်း အဆောက်အအုံပြင်ပကို ထွက်ခွာခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒဲလားရိုဆာကတော့ သူဟာ နိုင်ငံခြား တရားရုံးမှာ အစစ်ဆေးခံမှာ မဟုတ်ဘဲ ပြည်တွင်းတရားရုံးမှာပဲ ရင်ဆိုင်မယ်လို့ ဆိုပါတယ်။ “သမ္မတဟောင်း ဒူတာတေးပြီးရင် နောက်ထပ် ဖိလစ်ပိုင်နိုင်ငံသား တစ်ယောက်ကို သည်ဟိဂ် (The Hague) ကို ပို့ဆောင်တာမျိုး အဖြစ်မခံနိုင်ဘူး” လို့ သူက သူ့ကို ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။

အသက် ၆၄ နှစ်အရွယ် အထက်လွှတ်တော်အမတ် ဒဲလားရိုဆာဟာ သမ္မတဟောင်း ဒူတာတေး လက် ထက်က ရဲချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အဲ့ဒီအချိန်က မူးယစ်ဆေးဝါး နှိမ်နင်းရေး နာမည်တပ်ပြီး လူ ပေါင်း ၃၂ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့မှုမှာ တာဝန်ရှိတယ်လို့ ယူဆပြီး ICC က သူ့ကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဖမ်းဝရမ်းထုတ်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေအရ ဝန်ကြီးချုပ် အလန်ကယေတာနို (Alan Cayetano) ကတော့ “ဒီနေရာဟာ ဖိလစ် ပိုင်နိုင်ငံရဲ့ လွှတ်တော်ဖြစ်ပြီး အခုတော့ ကျွန်တော်တို့ တိုက်ခိုက်ခံနေရပြီ” လို့ သတင်းထောက်တွေကို ပြောပါတယ်။ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကတော့ ပြည်သူတွေအနေနဲ့ တည်တည်ငြိမ်ငြိမ် ရှိကြဖို့ ရုပ်မြင်သံကြားကနေတစ်ဆင့် မေတ္တာရပ်ခံထားပါတယ်။

လက်ရှိမှာတော့ ဒဲလားရိုဆာကို သူ့ရဲ့ မဟာမိတ် အမတ်တွေက လွှတ်တော်အဆောက်အအုံ အတွင်းမှာပဲ “အကာအကွယ် ပေးထားတဲ့ ထိန်းသိမ်းမှု” အောက်မှာ ထားရှိထားတယ်လို့ သိရပါတယ်။ အာဏာပိုင် တွေကတော့ သေနတ်ကို ဘယ်သူက ဘာကြောင့် ပစ်ခဲ့တာလဲဆိုတာကို စုံစမ်းစစ်ဆေးဖို့ စီစီတီဗွီမှတ် တမ်းတွေကိုလည်း ပြန်လည်စစ်ဆေးနေတယ်လို့ ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.