September 3, 2026

ပိုလန်နှင့် ဂျာမနီသို့ တပ်ဖြန့်မည့်အစီအစဉ် ပင်တဂွန်ရပ်ဆိုင်း

The Farmer Timesမေလ ၁၆ ရက်၊ ၂၀၂၆

ဥရောပရောက် အမေရိကန်စစ်သည်အင်အားကို လျှော့ချဖို့အတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာ န (ပင်တဂွန်) က ပိုလန်နဲ့ ဂျာမနီနိုင်ငံတွေဆီ တပ်ဖြန့်စေလွှတ်မယ့် အစီအစဉ်တွေကို ရုတ်တရက် ရပ် ဆိုင်းလိုက်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

အခုလို လုပ်ဆောင်တာဟာ လက်ရှိ ဥရောပမှာ အခြေစိုက်ထားပြီးသား တပ်ဖွဲ့တွေကို ရုပ်သိမ်းတာမျိုး မဟုတ်ဘဲ အလှည့်ကျ သွားရောက်တာဝန်ယူရမယ့် တပ်ဖြန့်မှုအစီအစဉ်တွေကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် ပိုလန်နိုင်ငံဆီ သွားရောက်ဖို့ ပြင်ဆင်နေတဲ့ အမေရိကန်စစ်သည်အင်အား ၄,၀၀၀ ရဲ့ ခရီးစဉ် ပျက်ပြယ်သွားခဲ့ရသလို၊ ဂျာမနီနိုင်ငံဆီ သွားရောက်မယ့် ရုံးဝေးပစ်ဒုံးကျည်တပ်ရင်း တစ်ခုရဲ့ ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ မတ်လအစောပိုင်းကတည်းက ဥရောပမှာရှိတဲ့ အမေရိကန်စစ် သည် အင်အား ၅,၀၀၀ ခန့်ကို လျှော့ချဖို့ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ရှေ့အ လယ်ပိုင်း (အီရန်) စစ်ပွဲနဲ့ပတ်သက်ပြီး ဥရောပမဟာမိတ်တွေဘက်က ထောက်ပံ့ကူညီမှု အားနည်းတာ ကို သမ္မတထရန့်က ဆက်တိုက်ဝေဖန်ခဲ့ပြီးနောက် အခုလို တပ်အင်အားလျှော့ချမှုတွေ ဖြစ်ပေါ်လာတာ ပါ။

ဂျာမနီအဓိပတိ ဖရီးဒရစ်မာဇ် (Friedrich Merz) က အမေရိကန်ရဲ့ စစ်ဗျူဟာမရှိမှုကို ဝေဖန်ခဲ့ပြီးနောက် ထရန့်အစိုးရက ဂျာမနီရှိ တပ်အင်အားတွေကို ပိုမိုလျှော့ချသွားမယ်လို့ တုံ့ပြန်ထားပါတယ်။

ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တုစ်ခ် (Donald Tusk) ကတော့ အခုဆုံးဖြတ်ချက်ဟာ လောဂျစ်စတစ် (သယ် ယူပို့ဆောင်ရေး) ဆိုင်ရာ ကိစ္စရပ်တစ်ခုသာဖြစ်ပြီး ပိုလန်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးစွမ်းရည်အပေါ် တိုက်ရိုက်သက်ရောက်မှု မရှိဘူးလို့ အာမခံချက်ရထားကြောင်း ပြောဆိုပါတယ်။

အခုလို တပ်အင်အားလျှော့ချမှုကို အမေရိကန် ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန် လွှတ်တော်အမတ် နှစ် ဦးစလုံးက ဝေဖန်နေကြပါတယ်။ ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့တော်ကို ရုရှားတပ်တွေက ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေချိန်မှာ အခုလို တပ်အင်အားလျှော့ချတာဟာ မဟာမိတ်တွေနဲ့ ရုရှားသမ္မတ ပူတင်ဆီ ကို မှားယွင်းတဲ့ နိုင်ငံရေးသတင်းစကား ပေးရာရောက်တယ်လို့ ဆိုကြပါတယ်။

လက်ရှိမှာ ပိုလန်နိုင်ငံအတွင်း အလှည့်ကျစနစ်နဲ့ လာရောက်အခြေစိုက်တဲ့ အမေရိကန်စစ်သည် ၁၀,၀၀၀ ဝန်းကျင်ရှိနေပြီး ပိုလန်ဟာ နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံတွေထဲမှာ မိမိတို့စီးပွားရေး အချိုးအ စားအလိုက် ကာကွယ်ရေးအသုံးစရိတ် (၄.၇ ရာခိုင်နှုန်း) အများဆုံး သုံးစွဲနေတဲ့ နိုင်ငံဖြစ်ပါတယ်။

နေတိုးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ကနေဒါနဲ့ ဂျာမနီတို့က နေတိုးအရှေ့ဘက်ခြမ်းမှာ တပ်အင်အား တိုးမြှင့်ထားတာကြောင့် အမေရိကန်ရဲ့ တပ်ဖျက်သိမ်းမှုဟာ မဟာမိတ်အဖွဲ့ရဲ့ အားနည်းချက် ဖြစ်မလာ နိုင်ဘူးလို့ ပြောကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.