ပါတီတွင်းက နုတ်ထွက်ဖို့ ပြောနေကြပေမယ့် ဗြိတိန်ဝန်ကြီးချုပ် ရာထူးက နူတ်ထွက်မည်မဟုတ်

The Farmer Times၊ မေလ ၁၃ ရက်၊ ၂၀၂၆ ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာ (ကတော့ သူဟာ “အစိုးရအဖွဲ့ လုပ်ငန်းတွေကိုပဲ ဆက်လုပ်သွားမှာ ဖြစ်တယ်” လို့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပြီး၊ သူ့ရဲ့ လေဘာပါတီတွင်းကနေ ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေတာတွေကို..

The Farmer Times၊ မေလ ၁၃ ရက်၊ ၂၀၂၆

ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာ (ကတော့ သူဟာ “အစိုးရအဖွဲ့ လုပ်ငန်းတွေကိုပဲ ဆက်လုပ်သွားမှာ ဖြစ်တယ်” လို့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပြီး၊ သူ့ရဲ့ လေဘာပါတီတွင်းကနေ ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေတာတွေကို ငြင်းဆန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ကျင်းပခဲ့တဲ့ ဒေသန္တရ ရွေးကောက်ပွဲမှာ လေဘာပါတီက အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်၊ ပါတီတွင်းက အမတ် ၅ ပုံ ၁ ပုံလောက်က ဝန်ကြီးချုပ်ကို နုတ်ထွက်ဖို့ တောင်းဆိုလာကြတာပါ။ အင်္ဂါနေ့မှာပဲ ဝန်ကြီးအဖွဲ့ဝင် ၄ ဦးက သူ့ကို ဖိအားပေးတဲ့အနေနဲ့ ရာထူးကနေ နုတ်ထွက်သွားခဲ့ကြပါတယ်။

နုတ်ထွက်သွားတဲ့ ဝန်ကြီးတွေထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးတွေ အပါအဝင်၊ ဒေသန္တရ ဖွံ့ဖြိုးရေးဝန်ကြီး မီယတ်တာ ဖန်ဘူလာ လည်း ပါဝင်ပါတယ်။

“လူတွေက အပြောင်းအလဲကို တောင်းတနေကြပြီ။ အဲ့ဒီ အပြောင်းအလဲကို ခင်ဗျား ဦးဆောင်နိုင်မယ်လို့ လူထုက မယုံကြည်သလို ကျွန်မလည်း မယုံကြည်ဘူး” လို့ ဖန်ဘူလာက သူမရဲ့ နုတ်ထွက်စာမှာ ရေးသားထားပါတယ်။

ဒါပေမယ့်လည်း ဝန်ကြီးချုပ် စတာမာကတော့ အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန်မှာ “ဒီရွေးကောက်ပွဲ ရလဒ်အတွက် ကျွန်တော် တာဝန်ယူတယ်။ ကျွန်တော်တို့ ကတိပေးထားတဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့လည်း ကျွန်တော့်မှာ တာဝန်ရှိတယ်။ တိုင်းပြည်က ကျွန်တော်တို့ကို အစိုးရအလုပ်တွေ ဆက်လုပ်ဖို့ မျှော်လင့်နေတာ။ အဲ့ဒါကိုပဲ ကျွန်တော် လုပ်နေတာဖြစ်သလို ကျွန်တော်တို့ ဝန်ကြီးအဖွဲ့အနေနဲ့လည်း လုပ်ရမယ့်အလုပ်ပဲ” လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

မေလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ စတာမာရဲ့ လေဘာပါတီဟာ အင်္ဂလန်ကောင်စီ အမတ်နေရာ ၁,၀၀၀ ကျော် ဆုံးရှုံးခဲ့သလို၊ ၂၇ နှစ်ကြာ စိုးမိုးခဲ့တဲ့ ဝေလ (Wales) ဒေသမှာလည်း အာဏာလက်လွှတ်ခဲ့ရပါတယ်။ ဒီရွေးကောက်ပွဲမှာ အကြီးအကျယ် အနိုင်ရခဲ့တာကတော့ လူဝင်မှုကြီးကြပ်ရေး ဆန့်ကျင်တဲ့ Reform UK ပါတီ ဖြစ်ပါတယ်။

ဒါ့အပြင် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) နဲ့ ပတ်သက်ခဲ့ဖူးသူတစ်ဦးကို ဝါရှင်တန်ဆိုင်ရာ သံအမတ်အဖြစ် စတာမာက ခန့်အပ်ခဲ့တာကြောင့်လည်း ပြီးခဲ့တဲ့ ဧပြီလကတည်းက ဝေဖန်မှုတွေ အပြင်းအထန် ခံနေရတာ ဖြစ်ပါတယ်။

“ဝန်ကြီးချုပ်တွေကိုပဲ ခဏခဏ လဲနေလို့လည်း မရဘူး။ မူဝါဒကို မပြောင်းလဲရင် ဘာမှ ထူးလာမှာ မဟုတ်ဘူး။ ဒီပြဿနာကို အခုချက်ချင်း မဖြေရှင်းနိုင်ရင် နောက်ထပ် အရှုံးတွေနဲ့ ထပ်ကြုံရဦးမှာပဲ” လို့ ပါတီတွင်းက ဝေဖန်သူအချို့က ဆိုကြပါတယ်။

လက်ရှိမှာတော့ ဝန်ကြီးချုပ် စတာမာကို ရာထူးကနေ ဖယ်ရှားဖို့အတွက် ပါတီတွင်းမှာ သဘောထားကွဲလွဲမှုတွေ ရှိနေဆဲ ဖြစ်သလို၊ သူ့ကို ထောက်ခံတဲ့ အမတ် ၁၀၀ ကျော်ကလည်း နုတ်မထွက်ဖို့ လက်မှတ်ရေးထိုးထားကြတယ်လို့ သိရပါတယ်။

About the Author

Leave a Reply

Your email address will not be published. Required fields are marked *

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed