အထွက်နှုန်းနှင့် ဝင်ငွေနှစ်ဆ တိုးစေမည့် “အလှည့်ကျ စိုက်ပျိုးခြင်း ” နည်းလမ်းသစ်
The Farmer Times၊ ဇူလိုင်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။
(တောင်သူအကျိုးပြု ဘာသာပြန်ဆောင်းပါး)
တောင်သူလယ်သမားကြီးတွေနဲ့ တပိုင်တနိုင် စိုက်ပျိုးသူတွေအနေနဲ့ မိမိတို့ရဲ့ စိုက်ပျိုးမြေက ကုန်ထုတ်စွမ်းအားကို အမြင့်ဆုံးမြှင့်တင်နိုင်ပြီး ရာသီတခုတည်းမှာပဲ သီးနှံတွေကို အကြိမ်ကြိမ်ဆက် တိုက် ရိတ်သိမ်းနိုင်မယ့် “အလှည့်ကျစိုက်ပျိုးခြင်း” (Succession Sowing) နည်းလမ်းကို ကျင့်သုံးပြီး စားနပ်ရိက္ခာ ဖူလုံရုံတင်မကဘဲ မိသားစုဝင်ငွေကိုပါ နှစ်ဆတိုးစေနိုင်ကြောင်း စိုက်ပျိုးရေးသုတေ သနပညာရှင်ဆာရာဂျေး (Sarah Jay) ရဲ့ လမ်းညွှန်ချက် အသစ်တခုက ဖော်ပြလာပါတယ်။
ဒီနည်းလမ်းဟာ သီးနှံတမျိုးတည်းကို တကြိမ်တည်းစိုက်ပျိုးခြင်းထက် ထွက်နှုန်းသိသိသာသာ ပိုမိုများ ပြားစေတာ ဖြစ်ပါတယ်။
အဲ့ဒီစိုက်ပျိုးရေးစနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် အဓိကသော့ချက်က တော့ “အချိန်ကိုက်စနစ်” (Timing) ပဲ ဖြစ်ပါတယ်။ တောင်သူတွေက မိမိတို့ဒေသရဲ့ ရာသီဥတုနဲ့ သီး နှံတမျိုးချင်းစီရဲ့ သက်တမ်းကို ကောင်းစွာသိရှိထားကြရမှာ ဖြစ်ပါတယ်။ အဲ့ဒီဗဟုသုတကို မြေနေ ရာခွဲဝေမှု၊ မြေဆီလွှာလိုအပ်ချက်နဲ့ တွဲဖက်စိုက်ပျိုးနိုင်မယ့် သီးနှံပုံစံတွေနဲ့ ပေါင်းစပ်ပြီး အလှည့်ကျစိုက်ပျိုးမယ် ဆိုရင် အကောင်းဆုံးအထွက်နှုန်းကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
အထူးသဖြင့် အတွေ့အကြုံ မရှိသေးတဲ့ တောင်သူတွေအနေနဲ့ သက်တမ်းတိုသီးနှံတွေနဲ့ စတင်လေ့ ကျင့်သင့်ပါတယ်။ သုတေသနပြုချက်တွေအရ အလှည့်ကျစိုက်ပျိုးခြင်းမှာ တောင်သူတွေ ကျင့်သုံးနိုင်မယ့် အဓိကနည်းလမ်း ၄ ခု ရှိပါတယ်။
နည်းလမ်း (၁) အသုတ်လိုက် ခွဲခြမ်းစိုက်ပျိုးခြင်းနည်းစနစ်
သက်တမ်းတိုပြီး ရာသီဥတု အပြောင်းအလဲဒဏ် မခံနိုင်တဲ့ မုန်လာဥနီ၊ မုန်လာဥဖြူ၊ မုန်ညင်း၊ ဆ လတ်နဲ့ ပဲလိပ်ပြာ စတဲ့ သီးနှံတွေကို သ မိုင်းတလျှောက် တပြိုင်နက်တည်း စိုက်လေ့ရှိသော်လည်း၊ အခုနည်း လမ်းမှာတော့ ပထမတသုတ်ကို စိုက်ပျိုးပြီးနောက် ရက်သတ္တပတ် အနည်းငယ်ခြားပြီး နောက်တသုတ်ကို မြေကွက်လပ်မှာ ထပ်မံစိုက်ပျိုးတာ ဖြစ်ပါတယ်။
အဲ့ဒီလိုစိုက်ပျိုးမှုက သီးနှံတွေ တပြိုင်နက်တည်း ရင့်မှည့်ပြီး စျေးကွက်မှာ ပုံအောသွားခြင်းကနေ ကာ ကွယ်နိုင်မှာဖြစ်သလို၊ ရာသီတ လျှောက်လုံး အဆက်မပြတ် ရိတ်သိမ်းရောင်းချနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမိုးအကာငယ်တွေနဲ့ ဖန်လုံအိမ်အသေးစား (Cold frames) တွေကို သုံးစွဲခြင်းဖြင့် စိုက် ပျိုးရာသီကို ပိုမိုကြာရှည်စေနိုင်မှာ ဖြစ်ပါတယ်။
နည်းလမ်း (၂) မြေကွက်တခုတည်းမှာ သီးနှံအမျိုးမျိုး လှည့်လည်စိုက်ပျိုးခြင်း (Different Crops in the Same Space)
မြေဆီလွှာဓာတ်ကို ပြန်လည်ဖြည့်တင်းပေးသည့် သီးနှံသံသရာလည်ခြင်း (Crop Rotation) စနစ် ဖြစ်ပါတယ်။ ဥပမာအားဖြင့် နွေဦးအစောပိုင်းမှာ ဂေါ်ဖီထုပ်တွေကို အဓိကစိုက်ပျိုးပြီးနောက် ၎င်းတို့ကို ရိတ်သိမ်းပြီးတာနဲ့ တပြိုင်တည်း အပင်ဟောင်းတွေကို မြေဩဇာအဖြစ် ပြု လုပ်ပြီး၊ မြေဆီလွှာ အာ ဟာရကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ ပဲမျိုးစုံကို နွေဦးလယ် သို့မဟုတ် နှောင်းပိုင်းမှာ ထပ်မံစိုက် ပျိုးတာ ဖြစ်ပါတယ်။ ဒီစနစ်က မိသားစုအတွက် စားနပ်ရိက္ခာစုံလင်စေသလို ဈေးကွက်ကိုလည်း သီးနှံစုံ တင်ပို့နိုင်စေပါတယ်။
နည်းလမ်း (၃) အချိန်ကိုက် ညှပ်စိုက်ခြင်းစနစ် (Intercrop With Timing in Mind)
မြေဆီလွှာဖုံးလွှမ်းမှု၊ ဝတ်မှုန်ကူးမှုနှင့် ပိုးမွှားကာကွယ်ရေး (Pest management) အတွက် အလွန်ထိ ရောက်တဲ့စနစ် ဖြစ်ပါတယ်။ အပင်မြင့်တွေနဲ့ အပင်တက်တွေကို တွဲဖက်စိုက်ပျိုးရာမှာ အချိန်ကိုက်စနစ် ကို သုံးရပါမယ်။ လယ်သမားတွေအနေနဲ့ နွယ်တက်မယ့် သီးနှံကို မစိုက်ပျိုးမီ ၎င်းကို အမှီပြုတွယ် တက်နိုင်မယ့် အပင်မြင့်မျိုးစေ့ကို အရင်စိုက်ပျိုးရမှာဖြစ်ပြီး၊ အပင်မြင့်များ ထွက်ပေါ်လာပြီးမှ မြေဖုံးသီး နှံများကို ထပ်မံညှပ်စိုက်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် သစ်တောစိုက်ပျိုးရေး (Food forests) လုပ်ကိုင် သူတွေအတွက် အလွန်သင့်လျော်ပါတယ်။
နည်းလမ်း (၄) သီးနှံတမျိုးတည်း၏ မျိုးကွဲမျိုးစုံကို စိုက်ပျိုးခြင်း (Multiple Varieties of the Same Plant)
အာလူး၊ ခရမ်းချဉ်သီးနှင့် ကြက်သွန်နီ ကဲ့သို့သော အဓိကသီးနှံကြီးတွေကို စိုက်ပျိုးရာမှာ အထွက်စော တဲ့မျိုး (Early producer) နဲ့ အထွက်နောက်ကျတဲ့မျိုး (Late producer) တွေကို ယှဉ်တွဲစိုက်ပျိုးခြင်း ဖြစ်ပါတယ်။ အဲ့ဒီလို စိုက်ပျိုးခြင်းဖြင့် စျေးကွက်ထဲကို မိမိတို့ခြံထွက် ခရမ်းချဉ်သီး သို့မဟုတ် အာလူးကို ရာသီတလျှောက်လုံး အမြဲမပြတ် တင်ပို့နိုင်သူအဖြစ် နာမည်ရစေနိုင်ပြီး၊ ရာသီဥတုဒဏ်ကြောင့် သီးနှံမျိုး စိတ်တမျိုး ပျက်စီးခဲ့ပါက အခြားခံနိုင်ရည်ရှိတဲ့ မျိုးကွဲတမျိုးမှ အထွက်နှုန်းကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒီစိုက်ပျိုးရေး နည်းလမ်းသစ်ဟာ ကျေးလက်နေ အသေးစားတောင်သူတွေရဲ့ ကဏ္ဍအစီအမံတွေ အ တွက် အလွန်အရေးကြီးတဲ့ လမ်းညွှန်ချက်တခု ဖြစ်ပါတယ်။ အကူအညီပေးရေး အဖွဲ့တွေနဲ့ စိုက်ပျိုး ရေးဌာန တွေအနေနဲ့ မျိုးစေ့တမျိုးတည်း ဝေငှခြင်းကိုပဲ အာရုံစိုက်လေ့ရှိပြီး ရေရှည်တည်တံ့မယ့် အခု လို အလှည့်ကျစိုက်ပျိုးမှု နည်းပညာအကြံပေးစနစ်တွေကို ထည့်သွင်းစဉ်းစားလေ့ မရှိကြပါဘူး။
ဒါကြောင့် နောင်ပွင့်လင်းရာသီတွေမှာ ရိက္ခာပြတ်လပ်မှုနဲ့ ဝင်ငွေလျော့နည်းမှု ပြဿနာတွေကို ကြို တင်ကာကွယ်နိုင်ဖို့အတွက် ဒေသအလိုက် တောင်သူတွေအနေနဲ့ အလှည့်ကျစိုက်ပျိုးခြင်း နည်းစနစ်တွေကို စနစ်တကျ ကြိုတင်လေ့လာ ကျင့်သုံးထားသင့်ပြီ ဖြစ်တယ်လို့ စိုက်ပျိုးရေး သုတေသနပညာရှင် ဆာ ရာဂျေး (Sarah Jay) တိုက်တွန်းထားပါတယ်။
