The Farmer Times
ရန်ကုန်၊ မေ ၁၁၊ ၂၀၂၄
မေ ၂ ရက်ကနေ ၉ ရက်နေ့အထိ စျေးကွက်အတွင်း အတက်အကျ အနိမ့်အမြင့် ဖြစ်သွားတဲ့ လယ်ယာ ထွက်ကုန် သီးနှံဈေးနှုန်းများ ဖြစ်ပါတယ်။
မတ်ပဲ
မတ်ပဲကို အိန္ဒိယအစိုးရက အခွန်လွတ်တင်သွင်းခွင့်ကာလ နောက်ထပ်တစ်နှစ် သက်တမ်းထပ်တိုးပေး ထားမယ့်လည်း လက်ရှိမှာ အိန္ဒိယက ဝယ်လိုအားနည်းနေတဲ့အတွက် မတ်လ ပထမပတ်မှာ ပြည်တွင်း မတ်ပဲစျေး ဆက်တိုက်ပြန်ကျနေပါတယ်။
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မေလ ၉ ရက် (သောကြာ)နေ့ စျေးပိတ်ချိန် ဖြစ်ပေါ်ခဲ့တဲ့ စျေးနူန်းမှာ မတ်ပဲ(FAQ) တစ်တန်ကို ၃,၀၈၀,၀၀၀ ကျပ်သာ ပေါက်စျေးရှိပါတယ်။ မေလ ၂ ရက်နေ့မှာတော့ မတ်ပဲ (FAQ )တစ်တန်ကို ၃,၁၀၅,၀၀၀ ကျပ်ထိ ပေါက်စျေးရှိခဲ့တာ ဖြစ်ပါတယ်။
မတ်ပဲ FOB စျေးကလည်း တပတ်အတွင်းမှာ မတ်ပဲ FAQ တစ်တန်ကို ၁၀ ဒေါ်လာလောက် စျေးကျ ဆင်းခဲ့တာ တွေ့ရပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကလည်း အိန္ဒိယနိုင်ငံက အခွန်ကင်းလွတ် တင်သွင်းခွင့် သက်တမ်း တိုးပေးထားပေမယ့်လည်း စျေးက အကျဘက်မှာပဲ ရှိနေပါတယ်။
မေလ ပထမပတ်အတွင်းက ပဲစဥ်းငုံနီက စျေးနူန်းအတက်အကျ တည်ငြိမ်မှု မရှိဘဲ မေ ၆ ရက်မှာ တစ် တန်ကို သိန်း ၃၀ အောက်ထိ ကျဆင်းခဲ့ပါတယ်။ မေ ၉ ရက်မှာတော့ တစ်တန်ကို သိန်း ၃,၀၈၀,၀၀၀ ကျပ်ထိ ပြန်မြင့်တက်လာတာကို တွေ့ရပါတယ်။
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မေလ ၃ ရက်နေ့က ပဲစင်ငုံနီ တစ်တန်ကို သိန်း ၃,၀၇၅,၀၀၀ ကျပ် စျေးထိ ပေါက်စျေးရှိခဲ့ပြီး၊ မေ ၆ ရက်မှာတော့ တစ်တန်ကို သိန်း ၂,၉၉၇,၀၀၀ ကျပ်ထိ စျေးပြန်ကျဆင်း ခဲ့ပါတယ်။ မေလ ၈ ရက်မှာတော့ တစ်တန်ကို သိန်း ၃,၀၅၈,၀၀၀ ကျပ်ထိ မြင့်တက်လာတာကို တွေ့ရပါတယ်။
ပြောင်း
ပြောင်းဆံကတော့ ပြည်ပဝယ်လိုအား ရှိနေတာကြောင့် စျေးနူန်းဆက်တိုက် မြင့်တက်လာရာကနေ အခု ရက်ပိုင်းမှာတော့ စျေးအတက်ရပ်သွားပြီး အနည်းငယ် ပြန်ကျလာတာကို တွေ့ရပါတယ်။
ပြောင်းဆံစျေးက ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်ပေါက်စျေး ကျသွားတာမျိုး မဟုတ်ဘဲ၊ ပြင်ပနယ်စုံအရောင်းအဝယ်စျေးကွက်မှာ တစ်ပိဿာကို ၃၀ ကျပ်ကနေ ၅၀ ကျပ်လောက်အထိ ကျဆင်းသွားတာ ဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မေလ ၉ ရက်က ပြောင်းဆံ တစ်ပိဿာကို ၁,၈၃၀ ကျပ်မှ ၁,၈၅၀ ကျပ်ထိပေါက်စျေးရှိနေပြီး၊ မေလ ၂ ရက်နေ့ကတော့ ပြောင်းဆံ တစ်ပိဿာကို ၁,၇၈၀ မှ ၁,၈၀၀ ကျပ်သာ ပေါက်စျေးရှိခဲ့ပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကို မြဝတီနယ်စပ်ကနေ ထိုင်းကို တင်ပို့နိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ် လာပြီးနောက် ပိုင်းမှာ ဝယ်လိုအားကောင်းလာပြီး ကြက်သွန် အမျိုးအစားအစုံ စျေးနူန်းမြင့်တက်လာနေပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မေလ ၉ ရက်နေ့ ပေါက်စျေးအရ ကြက်သွန်နီ(ဆိပ်ဖြူ) က တစ် ပိဿာကို ၁,၅၅၀ မှ ၂,၃၀၀ ကျပ် ၊ မြင်းခြံ ၁,၅၀၀ မှ ၂,၁၀၀ ကျပ် ၊ မုံရွာ ၁,၅၅၀ မှ ၂,၂၅၀ ကျပ် ၊ တောင် သာ ၁,၄၀၀ မှ ၂,၀၀၀ ကျပ်၊ ရွှေဘို ၁,၅၅၀ မှ ၂,၂၅၀ ကျပ် အသီးသီး ပေါက်စျေးရှိခဲ့ပါတယ်။
မေလ ၂ ရက်နေ့ကတော့ ကြက်သွန်နီ(ဆိပ်ဖြူ) က တစ်ပိဿာကို ၁,၅၀၀ မှ ၂၁၀၀ ကျပ်၊ မုံရွာက ၁,၅၅၀ မှ ၂,၀၀၀ ၊ ရွှေဘိုက ၂,၀၀၀ မှ ၂,၇၀၀ ကျပ်ထိ ပေါက်စျေးရှိခဲ့ပါတယ်။














