The Farmer Times၊ မေလ ၁၈ ရက်၊ ၂၀၂၆
တနင်္သာရီမြို့နယ်တိုင်း၊ မောတောင်မြို့နယ်ကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ (Jet Fighter) လေ ယာဉ် (၂) စင်းဖြင့် တစ်ပြိုင်တည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မေလ (၁၈) ရက်နေ့တွင် KNU-မြိတ် ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။
မောင်တောင်မြို့အတွင်းသို့ မေလ (၂) ရက်နေ့ ညနေ ၂ နာရီ ၂၀ မိနစ်ဝန်းကျင်အချိန်တွင် အာဏာသိမ်းအ ကြမ်းဖက်စစ်တပ်မှ (Jet Fighter) လေယာဉ် (၂) စင်းဖြင့် တစ်ပြိုင်တည်း လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU၊ မြိတ်ထားဝယ်ခရိုင်၊ တနောသရီမြို့နယ် တနင်္သာရီမြို့နယ်၊ မောင် တောင်မြို့နယ် အတွင်းသို့ မေလ (၂) ရက်နေ့ ညနေ ၄ နာရီ ၃၆ နာရီဝန်းကျင်အချိန်တွင် တစ်ကြိမ်၊ ၄ နာရီ ၄၂ မိနစ်အချိန်တွင်တစ်ကြိမ် အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ (Jet Fighter) လေယာဉ်ဖြင့် လာ ရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ပိုင် နေအိမ် (၁) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် တနင်္သာရီမြို့နယ်ရှိ အာဏာသိမ်းအကြမ်းဖက် တပ်ရင်း (၂၂၄) မှ တပ်သား (၂) ဦးသည် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်တပ်မတော် KNLA တပ်ရင်း (၁၁) နှင့် မဟာမိတ်တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲထံသို့ ဘက်ပြောင်းခိုလှုံခဲ့ကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU၊ မြိတ်ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်အတွင်းတွင် ပြီးခဲ့သည့် ဧ ပြီလ (၂၄) ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်တပ် ခမရတပ်ရင်း (၂၂၄) မှ တပ်သား (၂) ဦးဟာ က ရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄)၊ တပ်ရင်း (၁၁)နှင့် မဟာမိတ် တော် လှန်ရေးပူးပေါင်းတပ်ဖွဲထံသို့ လက်နက်မဲ့ ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ နိုင်ငံတကာတွင် တရားဝင်မှုရရှိရန် အတုအယောင်ရွေး ကောက်ပွဲ ကို ပြုလုပ်ကာ အတုအယောင် အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းနေသော်လည်း ပကိတိ မြေပြင်တွင်မှု အရပ်သား ပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်း တိုက် ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအ သိုင်းအဝိုင်း အား မိမိတို့၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြသခြင်းထက်ပိုသော လက်တွေ့ကျသည့် အရေးယူ ဆောင် ရွက်မှုများကို ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်ကာ ယခုဆက်လက် ဖြစ်ပွားနေသော လေ ကြောင်း တိုက်ခိုက်မှုများကို ရပ်တန့်စေရန် ထိရောက်သည့် တာဆီးကာကွယ်မှုများကို လုပ်ဆောင်ရန် ုKNU က တိုက်တွန်းအသိပေးထားသည်။
ယင်းကဲ့သို့ ထင်ရှာသည့် ဥပဒချိုးဖောက်မှုများကို မတားဆီးဘဲ ဆက်လက်၍ နှုတ်ဆက်နေခြင်းသည် အ ကြမ်းဖက်မှုများ ပြောင်ပြောင်တင်းတင်း ပိုမိုကျူးလွန်လာစေရန်အတွက် အားပေးကူညီရာ ရောက်မည် ဖြစ်သည်ဟုလည်း KNU က ပြောဆိုထားသည်။














