July 21, 2026

ကသာမှာ သကြားစက်ရုံတွေက ကြံမဝယ်လို့ ကြံစိုက်ခင်းတွေကို မီးရှို့ဖျက်ဆီးနေရ

The Farmer Times၊ မေလ ၂၀ ရက်၊ ၂၀၂၆

သကြားစက်ရုံတွေက တောင်သူတွေထံက ကြံကို ဈေးနှိမ်ဝယ်ယူတဲ့အပြင် တောင်သူတွေထွက်သမျှ ကြံအားလုံးကိုလည်း ဝယ်မပေးတာကြောင့် အခုလို လက်ကျန်ကြံခင်းတွေကို မီးရှို့ဖျက်ဆီးနေရတာ ဖြစ်တယ်လို့ ကြံစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။

တောင်သူတွေအနေနဲ့ စက်ရုံအရောက် ကြံတစ်တန်ကို ၁၁၅,၀၀၀ ကျပ်လောက်သာ စျေးရရှိတာကြောင့် စိုက်ပျိုးစရိတ် အရင်းလောက်သာ ပြန်ရကြပြီး၊ မီးရှို့ဖျက်ဆီးလိုက်ရတဲ့ စိုက်ခင်းတွေအတွက်ကတော့ အရင်းပါမကျန် ဆုံးရှုံးခဲ့တာကြောင့် ကြံတောင်သူအချို့ဆိုရင် ငွေကျပ်သိန်းထောင်ချီ အရှုံး ပေါ်နေကြ တယ်လို့ သိရတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.