, , ,

ကျွဲထိန်းကုန်းရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ ပြည်သူတစ်ဦးသေဆုံး၊ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

‎ The Farmer Times၊ မေလ ၂၂ ရက်၊ ၂၀၂၆ တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်တဲ့အ တွက် အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး၊ နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မေလ ၂၂ ရက်မှာ KNU- မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက..

‎ The Farmer Times၊ မေလ ၂၂ ရက်၊ ၂၀၂၆

တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်တဲ့အ တွက် အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး၊ နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မေလ ၂၂ ရက်မှာ KNU- မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

‎ကရင်အမျိုးသားအစည်းအရုံး-KNU၊ မြိတ်ထားဝယ်ခရိုင်၊‎ တနောသရီမြို့နယ် (တနင်္သာရီမြို့နယ်) သ ကျက်ကျေးရွာအုပ်စုအတွင်း ၂၀၂၆ ခုနှစ် မေလ(၂၁) ရက်နေ့ ညနေပိုင်း ၆ နာရီ ၂၀ မိနစ် ဝန်းကျင်အ ချိန်မှာ ထုံတော်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ် တပ်ရင်း(၅၆၁) က တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ပစ်ခတ်ခံရတဲ့ ကျွဲထိန်းကုန်းကျေးရွာအတွင်းရှိ အသက်(၄၀) အရွယ် အမျိုးသား (၁) ဦး သေဆုံးခဲ့ပြီး၊ အသက် (၂၀) ဝန်းကျင်အရွယ် အမျိုးသား (၁) ဦးနဲ့ အသက် (၅) နှစ်အရွယ်ရှိ အမျိုး သမီး ကလေးငယ် (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေလ (၂) ရက်နေ့ကလည်း ညနေ ၂ နာရီ ၂၀ မိနစ်ဝန်းကျင်အချိန်ကလည်း အာ ဏာသိမ်းအကြမ်းဖက်စစ်တပ်က မောတောင်မြို့အတွင်းကို (Jet Fighter) တိုက်လေယာဉ် (၂) စင်းနဲ့ တစ်ပြိုင်တည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-KNU

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed