July 21, 2026

တရုတ်နယ်စပ်မှာ မြန်မာကုန်ကားသမားတွေကို အဝင်မခံလို့ ကုန်သည်တွေနဲ့ ကုန်ကားမောင်သူတွေ အခက်တွေ့နေ

The Farmer Times၊ မေလ ၂၆ ရက်၊ ၂၀၂၆

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက မြန်မာကုန်ကားတွေကို အဝင်အထွက် တင်းကြပ်ခဲ့တာဖြစ်ပြီး၊ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ ကုန်ကားတွေကို တရုတ်တွေကိုယ်တိုင် မောင်းနှင်လာကြသလို၊ ဂိတ်တွေက လည်း မြန်မာကားတွေကို  ဖြတ်သန်းခွင့် မပြုတော့တဲ့အတွက် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းအားလုံး လုပ် ငန်းရပ်နားထားရတာလို့ ဆိုပါတယ်။

လက်ရှိမှာ တရုတ်အစိုးရက ကံပိုင်တည်နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တွေကတဆင့် တစ်သျှူးငှက်ပျော၊ ကျောက်စိမ်း၊ မြေရှားသတ္တု အပါအဝင် မြန်မာဘက်က သယံဇာတွေကို တင်ပို့ခွင့် ပြု ထားတယ်လို့ သိရပါတယ်။

ကုန်စည်သယ်ယူပို့ဆောင်ရာ လမ်းတလျာက်မှာလည်း စစ်တပ်နဲ့ တိုင်းရင်းသားဂိတ်တွေကို ဂိတ်ဖြတ် ကြေး ပေးဆောင်ရတဲ့ နှုန်းထားတွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကထက် လေးဆလောက် မြင့်တက်လာတယ် လို့ ကုန်တင်ကားမောင်းသူ ကိုကုလားလေးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.