, ,

The Farmer Times အပတ်စဉ် ကုန်စည်စျေးနှုန်း သုံးသပ်ချက်

The Farmer Times၊ ရန်ကုန်၊ မေ ၂၅၊ ၂၀၂၆ မေလ ၁၈ ရက်ကနေ ၂၂ ရက်နေ့အထိ စျေးကွက်အတွင်း အတက်အကျ အနိမ့်အမြင့် ဖြစ်သွားတဲ့ လယ် ယာထွက်ကုန် သီးနှံဈေးနှုန်းများ ဖြစ်ပါတယ်။ ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲက..

The Farmer Times၊ ရန်ကုန်၊ မေ ၂၅၊ ၂၀၂၆

မေလ ၁၈ ရက်ကနေ ၂၂ ရက်နေ့အထိ စျေးကွက်အတွင်း အတက်အကျ အနိမ့်အမြင့် ဖြစ်သွားတဲ့ လယ် ယာထွက်ကုန် သီးနှံဈေးနှုန်းများ ဖြစ်ပါတယ်။

ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲက စျေး အပြောင်းအ လဲ သိပ်မရှိပေမယ့် ပဲစင်းငုံကတော့ စျေးဆက်တိုက် မြင့်တက်နေပါတယ်။ မီးဖိုချောင်သုံး သီးနှံတွေဖြစ် တဲ့ ကြက်သွန်ဖြူကလည်း အဝင်နည်းပြီး စျေးတက်လာသလို၊ အာလူးနဲ့ ပြောင်းဆံကလည်း ဒီရက်ပိုင်း မှာ စျေးအနည်းငယ် ပြန်တက်လာတာကို တွေ့ရပါတယ်။

မတ်ပဲ၊ ပဲစင်းငုံ ၊ ပဲတီစိမ်း

မတ်ပဲကို အိန္ဒိယအစိုးရက အခွန်လွတ်တင်သွင်းခွင့်ကာလ နောက်ထပ်တစ်နှစ် သက်တမ်းထပ်တိုးပေး ထားပေမယ့် အရောင်းအဝယ် နည်းပါးလို့ စျေးကွက်အေးနေပါတယ်။ ပဲစင်းငုံ (RC) ကတော့ အဝယ် လိုက်လာပြီး စျေးဆက်တိုက် အတက်ကြမ်းလာတာကို တွေ့ရပါတယ်။

ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မေလ ၁၆ ရက်နေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃,၀၇၆,၀၀၀ ကျပ်ထိ ပေါက်စျေးရှိပြီး၊ မေလ ၂၁ ရက်နေ့ မှာတော့ တစ်တန်ကို ၃,၀၆၉,၀၀၀ ကျပ်ထိ ပေါက်စျေးရှိခဲ့ တာကို တွေ့ရပါတယ်။ တပတ်အတွင်း တစ်တန်ကို ၇,၀၀၀ ကျပ်လောက် စျေးကျသွားတာ ဖြစ်ပါတယ်။

ပဲစင်းငုံ (RC) ကတော့ အဝယ်လိုက်လာပြီး စျေးဆက်တိုက် အတက်ကြမ်းနေပါတယ်။ မေလ ၁၆ ရက် နေ့က တစ်တန်ကို ကျပ်သိန်း ၃,၀၄၅,၀၀၀ လောက် ပေါက်စျေးရှိရာကနေ မေလ ၂၁ ရက်မှာတော့ တစ် တန်ကို ၃,၁၅၂,၀၀၀ ကျပ်အထိ စျေးမြင့်တက်လာတာကို တွေ့ရပါတယ်။

ပဲတီစိမ်း (ခရမ်းရွှေဝါ) နဲ့ ပဲခူးရွှေဝါကတော့ မေလ ၁၆ ရက်နေ့က တစ်ပိဿာကို ၆,၄၁၅ ကျပ်ထိ ပေါက် စျေးရှိခဲ့ပြီး၊ မေလ ၂၁ ရက်နေ့မှာတော့ တစ်ပိဿာကို ၆,၁၆၅ ကျပ် စျေးကိုရောက်ရှိသွားပြီး တစ် ပိဿာ ကို ၂၅၀ ကျပ် ကျဆင်းသွားပါတယ်။

ပဲတီစိမ်း(အညာ)ကတော့ မေလ ၁၆ ရက်နေ့က တစ်ပိဿာကို ၅,၈၃၀ ကနေ ၅၈၃၅ ကျပ် ပေါက်စျေး ရှိနေပြီး၊ ပဲတီစိမ်း(ဝါးခယ်မ- FAQ) က တစ်ပိဿာကို ၅၅၀၀ ကနေ ၅၅၂၀ ကျပ်စျေးရှိခဲ့ရာကနေ မေလ ၂၁ ရက်နေ့မှာတော့ ပဲတီစိမ်း(အညာ)က တစ်ပိဿာကို ၅,၅၀၀ ကနေ ၅၅၂၀ ကျပ်၊ ဝါးခယ်မက တစ် ပိဿာကို ၅,၃၃၀ ကနေ ၅၃၅၀ ကျပ်ထိ ပေါက်စျေးရှိနေပြီး၊ တစ်ပိဿာကို ၂၇၀ ကနေ ၃၃၀ ကျပ်ထိ ထပ်မံကျဆင်းသွားပါတယ်။

ပြောင်း

အရင်တပတ်က စျေးပြန်ကျခဲ့တဲ့ ပြောင်းဆံက ထိုင်းဘက်က အဝယ်လိုက်လာတဲ့အတွက် ဒီရက်ပိုင်း မှာ စျေးပြန်တက်လာတာကို တွေ့ရပါတယ်။ စျေးကွက်ထဲမှာ ပြောင်းဆံ တစ်ပိဿာကို ၅၀ ကျပ် လောက်အထိ ပေါက်စျေးရှိနေတာ ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မေလ ၁၆ ရက်နေ့က ပြောင်းဆံ တစ်ပိဿာကို ၁,၇၈၀ ကနေ ၁,၈၀၀ ကျပ်ထိသာ ပေါက်စျေးရှိခဲ့ရာကနေ မေလ ၂၁ ရက်မှာတော့ တစ်ပိဿာကို ၁,၈၃၀ ကနေ ၁,၈၅၀ ကျပ် အထိ ပေါက်စျေးရှိလာတာ ဖြစ်ပါတယ်။

ကြက်သွန်ဖြူ

ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မေလ ၁၆ ရက်နေ့က ကြက်သွန်ဖြူ(အောင်ပန်း)က အမျိုးအစားအ လိုက် တစ်ပိ၁သာကို ၅,၀၀၀ ကနေ ၈,၅၀၀ ကျပ်အထိ ပေါက်စျေးရှိပြီး၊ ကြက်သွန်ဖြူ (ကြူကုတ်) က တော့ တစ်ပိဿာကို ၁၉,၀၀၀ ကျပ်ထိ ပေါက်စျေးရှိခဲ့ပါတယ်။

မေလ ၂၁ ရက်မှာတော့ ကြက်သွန်ဖြူ(အောင်ပန်း) က အမျိုးအစားအလိုက် တစ်ပိ၁သာကို ၅,၀၀၀ က နေ ၈,၅၀၀ ကျပ် စျေးတန်းမှာ တည်ငြိမ်နေပြီး၊ ကြက်သွန်ဖြူ (ကြူကုတ်)ကတော့ တစ်ပိဿာကို ၂၀,၀၀၀ ကျပ်ထိ စျေးမြင့်တက်လာတာကို တွေ့ရပါတယ်။

အောင်ပန်းအာလူးကတော့ မေလ ၁၆ ရက်နေ့က တစ်ပိဿာကို ၁,၇၀၀ ကျပ်ကနေ ၂,၀၀၀ ကျပ်အတွင်း ပေါက်စျေးရှိခဲ့ပြီး၊ မေလ ၂၁ ရက်နေ့မှာတော့ တစ်ပိဿာကို ၁,၈၀၀ ကနေ ၂,၂၀၀ ကျပ်အထိ စျေးမြင့် တက်ခဲ့ပြီး ဘုရင့်နောင်ကို ကုန်ကားစီးရေ ၁၁ စီး၊ အာလူးပိဿာချိန် ၆၆,၀၀၀ လောက် ဝင်ရောက်ခဲ့ တယ်လို့ ဘုရင်နောင်ကုန်စည်ဒိုင်က ပြောဆိုထားပါတယ်။

အခု တင်ဆက်ပေးထားတဲ့ သီးနှံစျေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed