ဇွန်လဆန်းပိုင်းမှာ ပြည်တွင်းဆန်ဈေး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်လာ
The Farmer Times၊ ဇွန်လ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။
အခု ဇွန်လဆန်းပိုင်းအတွင်း ပြည်တွင်းဆန်စျေးကွက်မှာ ဆန်ဈေးကွက် ဆန်ချောရော၊ ဆန်ကြမ်းစျေး နှုန်းတွေပါ သိသိသာသာ မြင့်တက်လာတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်ကနေ ဇွန်လ ၁၀ ရက်နေ့အတွင်း စျေးကွက်ထဲမှာ အခြေခံဆန်ကြမ်းရော၊ အရည် အသွေးမြင့် ပေါ်ဆန်းဆန်ချော အမျိုးအစားတွေပါ တစ်အိတ်ကို ပျမ်းမျှငွေကျပ် ၂,၀၀၀ ကနေ ၅,၀၀၀ ကျပ်အထိ သိသိသာသာ မြင့်တက်လာတာကို မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း (MRPTA) ရဲ့ ဆန်စျေးနှုန်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ရွှေဘိုပေါ်ဆန်း၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း (ဆန်ချောအုပ်စု)
ပြည်တွင်းစားသုံးမှု အများဆုံးဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း အပါအဝင် ဆန်ချောအုပ်စုဝင်တွေက တစ်ပတ် အတွင်း အမြင့်ဈေးဘက်သို့ ဦးတည်နေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက် နေ့က စျေးကွက်ထဲမှာ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ၁၉၅,၀၀၀ မှ ၂၁၀,၀၀၀ ကျပ် ခန့် ပေါက်စျေးရှိခဲ့ရာကနေ၊ ဇွန်လ ၁၀ ရက်နေ့မှာတော့ တစ်အိတ်ကို ၂၀၀,၀၀၀ မှ ၂၁၅,၀၀၀ ကျပ်ထိ မြင့်တက်ခဲ့ပါတယ်။ တစ်ပတ်အတွင်း တစ်အိတ်ကို ၅,၀၀၀ ကျပ်ခန့် ဈေးတက်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း ဆန်အမျိုးအစားတွေက တစ်အိတ်ကို ၁၄၅,၀၀၀ မှ ၁၅၂,၀၀၀ ကျပ်ခန့် ပေါက်စျေးရှိရာကနေ၊ ဇွန်လ ၁၀ ရက်နေ့မှာတော့ တစ်အိတ်ကို ၁၅၀,၀၀၀ မှ ၁၅၆,၀၀၀ ကျပ်ထိ မြင့်တက်ခဲ့ပါတယ်။ တစ်ပတ်အတွင်း တစ်အိတ်ကို ၄,၀၀၀ ကနေ ၅,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ပေါ်ဆန်းနယ်စုံ
ဇွန်လ ၁ ရက်ရက်နေ့က စျေးကွက်ထဲမှာ ပေါ်ဆန်းနယ်စုံ ဆန်အမျိုးအစားတွေက တစ်အိတ်ကို ၁၂၇,၀၀၀ မှ ၁၃၈,၀၀၀ ကျပ်ခန့် ပေါက်စျေးရှိရာကနေ၊ ဇွန်လ ၁၀ ရက်နေ့မှာတော့ တစ်အိတ်ကို ၁၃၀,၀၀၀ မှ ၁၄၀,၀၀၀ ကျပ်ထိ မြင့်တက်လာပါတယ်။ တစ်ပတ်အတွင်း ပျမ်းမျှတစ်အိတ်ကို ၂,၀၀၀ မှ ၃,၀၀၀ ကျပ်ဝန်းကျင် မြင့်တက်လာတာကို တွေ့ရပါတယ်။
ဧရာဝတီ၊ ဖျာပုံ၊ မြောင်းမြ(ကြားပျံ)
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက် နေ့က စျေးကွက်ထဲမှာ ဧရာဝတီ၊ ဖျာပုံ၊ မြောင်းမြ စတဲ့ကြားပျံဆန် အမျိုးအစား တွေက တစ်အိတ်ကို ၁၅၅,၀၀၀ မှ ၁၆၅,၀၀၀ ကျပ်အတွင်း ပေါက်စျေးရှိရာကနေ ဇွန်လ ၁၀ ရက်နေ့ မှာတော့ တစ်အိတ်ကို ၁၅၈,၀၀၀ မှ ၁၆၈,၀၀၀ ကျပ်ထိ မြင့်တက်ခဲ့ပါတယ်။ တစ်ပတ်အတွင်း တစ် အိတ်ကို ၃,၀၀၀ ကျပ်ခန့် ဈေးတက်လာတာ ဖြစ်ပါတယ်။
အခြေခံဆန်ကြမ်း
အခြေခံလူတန်းစားတွေ အဓိကအားထားရတဲ့ ဇီယာ၊ ဧည့်မထ၊ ဧရာမင်း၊ ရက်-၉၀ စတဲ့ ဆန်ကြမ်း အမျိုး အစားတွေလည်း ဈေးနှုန်းသိသိသာသာ လိုက်ပါမြင့်တက်လာတာကို တွေ့ရပါတယ်။
ဇွန်လ ၁ ရက်က စျေးကွက်ထဲမှာ ရက်-၉၀ (ဆန်သစ်) တစ်အိတ်ကို ၈၂,၀၀၀ မှ ၈၇,၀၀၀ ကျပ်ခန့် ပေါက်စျေးရှိရာနေ၊ ဇွန်လ ၁၀ ရက်နေ့မှာတော့ တစ်အိတ်ကို ၈၅,၀၀၀ မှ ၉၀,၀၀၀ ကျပ်ထိ မြင့်တက် လာပါတယ်။
ဆန်သစ်ဈေးနှုန်းတွေဟာ တစ်ပတ်အတွင်း တစ်အိတ်ကို ၃,၀၀၀ ကျပ်ခန့် မြင့်တက်လာပေမယ့် ရက် (၉၀) ဆန်ဟောင်းကတော့ တစ်အိတ်ကို ၁၀၅,၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါတယ်။
ဇွန်လ ၁ ရက်က ဧရာမင်းဆန် တစ်အိတ်ကို ၁၀၅,၀၀၀ မှ ၁၂၀,၀၀၀ ကျပ်ခန့် ပေါက်စျေးရှိခဲ့ပြီး၊ ဇွန်လ ၁၀ ရက်နေ့မှာတော့ တစ်အိတ်ကို ၁၁၀,၀၀၀ မှ ၁၂၃,၀၀၀ ကျပ်ထိ မြင့်တက်လာပါတယ်။ တစ်အပတ် အတွင်း တစ်အိတ်ကို ၃,၀၀၀ ကနေ ၅,၀၀၀ ကျပ်ထိ မြင့်တက်လာတာ ဖြစ်ပါတယ်။
ဇီယာနဲ့ ဧည့်မထ (၁၅%) အကြမ်းဆန်တွေကတောာ့ ဇွန်လ ၁ ရက်နေ့က တစ်အိတ်ကို ၆၆,၀၀၀ မှ ၇၀,၀၀၀ ကျပ်ခန့် ပေါက်စျေးရှိရာကနေ ဇွန်လ ၁၀ ရက်နေ့မှာတော့ တစ်အိတ်ကို ၆၈,၀၀၀ မှ ၇၂,၀၀၀ ကျပ်ထိ မြင့်တက်လာတာကို တွေ့ရပါတယ်။ တစ်ပတ်အတွင်း တစ်အိတ်ကို ၂,၀၀၀ ကျပ်လောက် မြင့် တက်လာတာ ဖြစ်ပါတယ်။
ဇွန်လ ၁ ရက်နေ့က ငစိန်နဲ့ သီးပု ဆန်တွေက တစ်အိတ်ကို ၆၃,၀၀၀ မှ ၆၅,၀၀၀ ကျပ်ခန့် ပေါက်စျေး ရှိရာကနေ ဇွန်လ ၁၀ ရက်နေ့မှာတော့ တစ်အိတ်ကို ၆၅,၀၀၀ မှ ၆၉,၀၀၀ ကျပ်ထိ မြင့်တက်လာတာကို တွေ့ရပါတယ်။ တစ်ပတ်အတွင်း ၂,၀၀၀ ကနေ ၄,၀၀၀ ကျပ်ခန့် စျေးတက်လာတာ ဖြစ်ပါတယ်။
ချော (EX)၊ ကြမ်း (EX)
ဈေးကွက်အတွင်း အခြေခံဈေးအနိမ့်ဆုံးဖြစ်တဲ့ ပို့ကုန် (EX) ဆန်အမျိုးအစားတွေကတော့ ဇွန်လဆန်း ပိုင်းအတွင်း စျေးပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေတာ ကို တွေ့ရပါတယ်။
ဇွန်လ ၁ ရက်က ချော (EX) ဆန်ကြမ်းက တစ်အိတ်ကို ၅၂,၀၀၀ မှ ၅၈,၀၀၀ ကျပ်စျေးရှိနေပြီး၊ ကြမ်း (EX) ကတော့ တစ်အိတ်ကို ၅၂,၀၀၀ မှ ၅၄,၀၀၀ ကျပ် ပေါက်စျေးရှိနေပါတယ်၊ ဇွန်လ ၁၀ ရက်မှာလည်း စျေးအပြောင်းအလဲမရှိ တည်ငြိမ်နေတာကို တွေ့ရပါတယ်။
ယခု ဇွန်လဆန်းပိုင်းအတွင်း ဖြစ်ပေါ်နေတဲ့ ဆန်ဈေးနှုန်း မြင့်တက်မှုဟာ စိုက်ပျိုးရာသီအစ သိုလှောင် ဆန်ဟောင်းများ လျော့နည်းလာချိန်ဖြစ်တာ အပါအဝင် သယ်ယူပို့ဆောင်စရိတ်နဲ့ သွင်းအားစုစရိတ် တွေ မြင့်မားနေတာကြောင့်ဖြစ်ပြီး၊ ဈေးကွက်အတွင်း ဝယ်လိုအားပေါ်မူတည်ကာ ဈေးနှုန်းများလိုက် ပါ မြင့်တက်လာတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း (MRPTA) သုံးသပ်ထားပါတယ်။
‘The Farmer Times’ က သုံးသပ်တင်ပြပေးထားတဲ့ ဆန်စျေးနှုန်းတွေဟာ လက္ကားဈေးနှုန်းများသာဖြစ်ပြီး၊ လက် လီဈေးကွက်အတွင်း ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ် မူတည်ပြီး အနည်းငယ် ကွာဟမှု ရှိနိုင်ပါတယ်။
