July 12, 2026

တရုတ်နှစ်နိုင်ငံကို ငှက်ပျောနဲ့ ရေထွက်ကုန် တင်ပို့နိုင်ဖို့ အပါအဝင် ကုန်သွယ်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၈ ခုကို MOU ရေးထိုးခဲ့ဟု စစ်ခေါင်းဆောင်ပြော

The Farmer Times၊ ရန်ကုန်၊ ဇွန် ၁၇ ၊ ၂၀၂၆

အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတုဦးမင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံကနေ တ ရုတ်နိုင်ငံကို ငှက်ပျောသီးနဲ့ ရေ ထွက်ကုန်တွေ တင်ပို့နိုင်ဖို့ အပါအဝင် အပါအဝင် ကုန်သွယ်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၈ ခုကို နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ-MOU ရေးထိုးခဲ့တယ်လို့ အာဏာသိမ်စစ်အစိုးရက ထုတ်ပြန်ထားပါတယ်။

‎တရုတ်နိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ဟာ ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းက ပေကျင်းမြို့ရှိ Great Hall of the People မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ငှက်ပျောတင်ပို့ခွင့် အပါအဝင် နှစ်နိုင်ငံ သဘောတူစာချုပ်နဲ့ နားလည်မှု စာချွန်လွှာ ၁၈ ခုကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

အဲဒီသဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၁၈ ခုထဲမှာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို လတ်ဆတ်တဲ့ ငှက် ပျောသီးတွေ တင်ပို့ရာမှာလည်း တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ အပင်ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်တွေအတိုင်း ပို့ဆောင်ရမှာ ဖြစ်ပါတယ်။

အလားတူ မြန်မာနိုင်ငံကနေ ရေထွက်ကုန်နဲ့ တိရစ္ဆာန်ထွက် ပစ္စည်းတွေကိုလည်း တရုတ်နိုင်ငံရဲ့ သတ်မှတ်ချက်စည်းကမ်းတွေအတိုင်း ပြည့်မှီမှ တင်ပို့ခွင့်ရမှာဖြစ်ပြီး၊ တင်ပို့ခြင်းဆိုင်ရာ ကန့်သတ်စစ်ဆေးရေးနဲ့ သန့်ရှင်းရေးအတွက် လိုအပ်ချက်ဆိုင်ရာ သဘောတူစာချုပ်တို့ကို လက်မှတ်ရေးထိုးခဲ့ရတာ ဖြစ်ပါတယ်။

ဒါအပြင် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး အကောင်အထည်ဖော်ရေးဆိုင်ရာ နား လည်မှုစာချွန်လွှာ၊ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တရုတ်တိုင်းရင်းဆေးဖက်ဝင်အပင်များ တင်ပို့ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးမှုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအ မံ(Global Security Initiative-GSI) ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ အပါအဝင် မြန်မာ-တရုတ် ကမ္ဘာလုံးဆိုင်ရာ ယဉ် ကျေးမှုအစီအမံ (Global Civilization Initiative-GCI) ပူးတွဲမြှင့်တင်ရေး ပူး ပေါင်းဆောင် ရွက်မှုဆိုင်ရာ နား လည်မှုစာချွန်လွှာ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှု (Global Development Initiative-GDI) အကောင်အထည် ဖော်ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၂၆) တို့အတွက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတွေကိုလည်း လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.