July 12, 2026

ဆန်ကြမ်းစျေး တည်ငြိမ်နေပေမယ့် ပြည်ပပို့ကုန်ဆန်ချော(EX) တစ်အိတ်ကို ၇,၀၀၀ ကျပ်ထိ စံချိန် တင် မြင့်တက်လာ

The Farmer Times၊ ဇွန်လ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။

အခုဇွန်လ လယ်ပိုင်းအတွင်း ပြည်တွင်းဆန်ဈေးကွက်မှာ ဆန်အမျိုးအစားအများစု ဈေးနှုန်းတည် ငြိမ်နေပေမယ့်၊ ပြည်ပပို့ကုန် (EX) ဆန်ချောဈေးနှုန်းတွေက သိသိသာသာ မြင့်တက်လာတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကနေ ဇွန်လ ၁၈ ရက်နေ့အတွင်း ဈေးကွက်ထဲမှာ ပေါ်ဆန်းနယ်စုံနဲ့ အခြေခံ ဆန်ကြမ်းအများစု ဈေးငြိမ်နေပေမယ့်၊ ပို့ကုန်ဆန်ချောတွေကတော့ တစ်အိတ်ကို ပျမ်းမျှငွေကျပ် ၂,၀၀၀ မှ ၇,၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်လာတာကို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (MRPTA) ရဲ့ ဆန်ဈေးနှုန်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရွှေဘိုပေါ်ဆန်း၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း (ဆန်ချောအုပ်စု)

ပြည်တွင်းစားသုံးမှု အဆင့်မြင့်ဆန်ချောအုပ်စုဝင် အများစုဟာ အခုတစ်ပတ်အတွင်းမှာလည်း ဈေး နှုန်း အပြောင်းအလဲမရှိဘဲ တည်ငြိမ်နေတာကို တွေ့ရပါတယ်။

ဇွန်လ ၁၀ ရက်ကနေ ၁၈ ရက်အတွင်း စျေးကွက်ထဲမှာ ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၂၀၀,၀၀၀ မှ ၂၁၅,၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေပါတယ်။

မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းကလည်း တစ်အိတ်ကို ၁၅၀,၀၀၀ မှ ၁၅၆,၀၀၀ ကျပ်ခန့် ပေါက်ဈေးရှိပြီး၊ တစ်ပတ်လုံး ဈေးနှုန်းပြောင်းလဲမှု မရှိဘူးလို့ ကုန်သည်တွေက ဆိုပါတယ်။

ပေါ်ဆန်းနယ်စုံ

ဇွန်လ ၁၀ ရက်နေ့က ဈေးကွက်ထဲမှာ ပေါ်ဆန်းနယ်စုံ ဆန်အမျိုးအစားတွေက တစ်အိတ်ကို ၁၃၀,၀၀၀ မှ ၁၄၀,၀၀၀ ကျပ်ခန့် ပေါက်ဈေးရှိခဲ့ရာမှ ဇွန်လ ၁၈ ရက်နေ့မှာတော့ တစ်အိတ်ကို ၁၃၃,၀၀၀ မှ ၁၄၂,၀၀၀ ကျပ်ထိ မြင့်တက်လာပါတယ်။ တစ်ပတ်အတွင်း ပျမ်းမျှတစ်အိတ်ကို ၂,၀၀၀ မှ ၃,၀၀၀ ကျပ်ဝန်းကျင် မြင့်တက်လာတာကို တွေ့ရပါတယ်။

ဧရာဝတီ၊ ဖျာပုံ၊ မြောင်းမြ (ကြားပျံ)

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က ဈေးကွက်ထဲမှာ ကြားပျံ(နယ်စုံ) အမျိုးအစားတွေက တစ်အိတ်ကို ၁၄၅,၀၀၀ မှ ၁၅၅,၀၀၀ ကျပ်၊ ဖျာပုံ၊ မြောင်းမြ(ကြားပျံ)ဆန်က တစ်အိတ်ကို ၁၅၈,၀၀၀ မှ ၁၆၈,၀၀၀ ကျပ်ခန့် ပေါက်ဈေးရှိခဲ့ပြီး၊ ဇွန်လ ၁၈ ရက်နေ့အထိ အဆိုပါဈေးနှုန်းများအတိုင်း ပြောင်းလဲမှုမရှိဘဲ ဆက်လက်တည်ငြိမ်နေပါတယ်။

အခြေခံဆန်ကြမ်း

အခြေခံလူတန်းစားတွေ အားထားနေရတဲ့ ဆန်ကြမ်းအုပ်စုထဲမှာတော့ ခွန်နီဆန်နှင့် ကြမ်း(EX) မီဒီယံ ဈေးနှုန်းတွေက အနည်းငယ်လှုပ်ခတ်မှုရှိနေပြီး၊ ကျန်ဆန်ကြမ်းတွေကတော့ စျေးတည်ငြိမ်နေပါတယ်။

ဇွန်လ ၁၀ ရက်က ခွန်နီဆန် တစ်အိတ်ကို ၁၁၀,၀၀၀ မှ ၁၂၃,၀၀၀ ကျပ်ခန့် ပေါက်စျေးရှိခဲ့ပြီး၊ ဇွန်လ ၁၈ ရက်မှာတော့ တစ်အိတ်ကို ၁၁၅,၀၀၀ မှ ၁၂၅,၀၀၀ ကျပ်ထိ မြင့်တက်လာပါတယ်။ တစ်ပတ်အတွင်း တစ်အိတ်ကို ၂,၀၀၀ မှ ၅,၀၀၀ ကျပ်ခန့် မြင့်တက်လာတာ ဖြစ်ပါတယ်။

ရက်-၉၀ (ဆန်သစ်)ကတော့ တစ်အိတ်ကို ၈၅,၀၀၀ မှ ၉၀,၀၀၀ ကျပ်၊ ရက်-၉၀ (ဆန်ဟောင်း)က တစ်အိတ်ကို ၁၀၅,၀၀၀ ကျပ်ဖြင့် ဈေးပြောင်းလဲမှုမရှိ တည်ငြိမ်နေပါတယ်။

ဇီယာနှင့် ဧည့်မထ(၁၅%) အကြမ်းက တစ်အိတ်ကို ၆၈,၀၀၀ မှ ၇၂,၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပါတယ်။

ငစိန်နှင့် သီးပုဆန်ကတော့ တစ်အိတ်ကို ၆၅,၀၀၀ မှ ၆၉,၀၀၀ ကျပ်ဖြင့် ဈေးနှုန်းပြောင်းလဲမှု မရှိဘဲ ဆက်လက်တည်ငြိမ်နေပါတယ်။

ချော (EX)၊ ကြမ်း (EX)

ပြီးခဲ့တဲ့ အပတ်က ငြိမ်သက်နေခဲ့တဲ့ ပို့ကုန်(EX) အုပ်စုမှာ ဆန်ချော(EX) က အခုတစ်ပတ်အတွင်း အမြင့် ဆုံးဈေးထိ သိသိသာသာ ခုန်တက်သွားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်က ချော(EX) တစ်အိတ်ကို ၅၂,၀၀၀ မှ ၅၈,၀၀၀ ကျပ် ပေါက်စျေးရှိရာမှ ဇွန်လ ၁၈ ရက်မှာတော့ တစ်အိတ်ကို ၅၅,၀၀၀ မှ ၆၅,၀၀၀ ကျပ်ထိ မြင့်တက်လာတာ ဖြစ်ပါတယ်။ တစ်ပတ်အတွင်း တစ်အိတ်ကို ၃,၀၀၀ မှ ၇,၀၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ကြမ်း(EX)ကတော့ တစ်အိတ်ကို ၅၂,၀၀၀ မှ ၅၄,၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပေမယ့်၊ ကြမ်း(EX) မီဒီယံကတော့ တစ်အိတ်ကို ၅၃,၀၀၀ ကျပ်ထိ မြင့်တက်လာပြီး၊ တစ်ပတ်အတွင်း တစ်အိတ်ကို ၁,၀၀၀ ကျပ်ခန့် အနည်းငယ် မြင့်တက်လာတာကို တွေ့ရပါတယ်။

အခု ဇွန်လလယ်အတွင်း ဖြစ်ပေါ်နေတဲ့ ဆန်ဈေးနှုန်းမြင့်တက်မှုတွေဟာ စိုက်ပျိုးရာသီအစ သို လှောင်ဆန်ဟောင်း လျော့နည်းလာချိန်ဖြစ်တာ အပါအဝင် ပြည်ပပို့ကုန်ဝယ်လိုအားနဲ့ သယ်ယူပို့ ဆောင်ရေးစရိတ်၊ သွင်းအားစုစရိတ်တွေ မြင့်မားနေတာကြောင့်ဖြစ်ပြီး၊ ဈေးကွက်အတွင်း ဝယ် လိုအားအပြောင်းအ လဲပေါ်မူတည်ပြီး ဈေးနှုန်းတွေ လိုက်ပါပြောင်းလဲနိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအ သင်း (MRPTA) က သုံးသပ်ထားပါတယ်။

‘The Farmer Times’ က သုံးသပ်တင်ပြပေးထားတဲ့ ဆန်စျေးနှုန်းတွေဟာ လက္ကားဈေးနှုန်းများသာဖြစ်ပြီး ၊ လက်လီဈေးကွက်အတွင်း ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ် မူတည်ပြီး အနည်း ငယ်ကွာဟမှု ရှိနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.