October 15, 2026

သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မှာ တိုက်ပွဲတွေ ပြင်းထန်နေ

The Farmer Times၊ မေလ ၁၅ ရက်၊ ၂၀၂၆

ဧရာဝတီတိုင်းအတွင်းက သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့နယ်တွေမှာ အာရက္ခတပ်တော် (ULA/AA)၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/ပကဖ)မဟာမိတ် တပ်ဖွဲ့တွေနဲ့ အာဏာသိမ်း စစ် ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲတွေအတွင်း အင်အားနည်းလာတာကို ဖြည့်တင်းဖို့အတွက် ဒေသခံ ပြည်သူ တွေကို တပ်သားသစ်အဖြစ် အဓမ္မဖမ်းဆီးတာတွေ နေ့စဉ်လုပ်နေပြီး၊ ဖမ်းဆီးရမိသူတွေကို လေ့ကျင့် ရေးတပ်အမှတ် (၆) ထံ အပတ်စဉ် ပို့ဆောင်နေသလို၊ မေလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာလည်း တပ်သားသစ်တွေကို မွမ်းမံသင်တန်းအတွက် တိုက်စည်း (၇) ထံ ထပ်မံပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေမှာ အကျအဆုံး များပြားလာတာကြောင့် စစ်ကောင်စီတပ်သားတွေ စိတ်ဓာတ်မကျအောင် ဝါဒဖြန့်တာတွေကိုလည်း လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က AA နဲ့ PDF အဖွဲ့ဝင် ၃၁ ဦး အလင်းဝင်လာတယ်ဆိုပြီး သတင်းမှားတွေ ထုတ်ပြန်ကာ စိတ်ဓာတ်စစ်ဆင်ရေးအရ လိမ်လည်ဝါဒဖြန့်တာမျိုးတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါ မြို့နယ်သုံးခုစလုံးမှာ စစ်ရေးအခြေအနေတွေ တင်းမာနေဆဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.