ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲနဲ့ ပဲစင်းငုံဈေးတွေ ဆက်တိုက်မြင့်တက်နေ၊ ကြက် သွန်နဲ့ အာလူးအ ဝင်ပုံမှန်ရှိနေ
The Farmer Times မေလ ၁၆ ရက်၊ ၂၀၂၆
ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံက ဈေး ကွက်အတွင်း အဝယ်လိုက်နေတာကြောင့် အရောင်းအဝယ် သွက်နေပြီး၊ မီးဖိုချောင်သုံး သီးနှံတွေဖြစ်တဲ့ ကြက်သွန်နဲ့ အာလူးကတော့ ဝင်ရောက်မှု ပုံမှန်ရှိနေတာကြောင့် ဈေးနှုန်းအတက်အကျ သိပ်မရှိဘဲ တည် ငြိမ်နေတာကို တွေ့ရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ မေလ ၁၅ ရက်နေ့ ဈေးကွက်သုံးသပ်ချက်အရ မတ်ပဲနဲ့ ပဲစင်းငုံက အဝယ်လိုက်ကာ ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေပြီး၊ မေလ ၁၅ ရက်နေ့ စျေး ပိတ်ချိန်မှာ တစ်တန်ကို ၃,၁၆၅,၀၀၀ ကျပ်အထိ ပေါက်စျေးရှိခဲ့တာကို တွေ့ရပါတယ်။
ပဲစင်းငုံနီ (RC) ကတော့ မေလ ၁၅ ရက်နေ့ စျေးပိတ်ချိန်မှာ တစ်တန်ကို ၃,၀၉၂,၀၀၀ ကျပ်အထိ စျေးမြင့် တက်လာတာကို တွေ့ရပါတယ်။
ပဲတီစိမ်း (ခရမ်းရွှေဝါ) ကတော့ မေလ ၁၅ ရက်နေ့က တစ်ပိဿာကို ၆,၄၁၅ ကျပ်ထိ ပေါက်စျေးရှိနေ တာကို တွေ့ရပါတယ်။
ဆိပ်ဖြူကြက်သွန်နီနဲ့ မုံရွာကြက်သွန်နီကတော့ တစ်ပိဿာကို အမြင့်ဆုံး ၂,၄၅၀ ကျပ်ဝန်းကျင်မှာ ဈေး တည်ငြိမ်နေပါတယ်။ မေလ ၁၅ ရက်နေ့က ဘုရင့်နောင်ကုန်စည်ဒိုင်ကို ဆိပ်ဖြူကြက်သွန်နီ ကုန်ကား စီးရေ ၉ စီး၊ ပိဿာချိန် ၅၄,၀၀၀ ခန့် ထပ်မံဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ကြက်သွန်ဖြူ(ရှမ်း)ကတော့ အမျိုးအစားအလိုက် ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်အထိ ပေါက်စျေးရှိ နေပြီး၊ ကြက်သွန်ဖြူ (ကြူကုတ်) ကတော့ တစ်ပိဿာကို ၁၈,၅၀၀ ကျပ်နဲ့ ဈေးတည်ငြိမ်နေပါတယ်။
အောင်ပန်းအာလူးကတော့ တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၂,၂၀၀ ကျပ်အတွင်း အရောင်းအဝယ် ရှိနေ ပြီ၊ မေလ ၁၅ ရက်နေ့က ဘုရင့်နောင်ကုန်စည်ဒိုင်ကို အောင်ပန်းအာလူး ကုန်ကားစီးရေ ၆ စီး၊ ပိဿာချိန် ၃၆,၀၀၀ ခန့် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ငါးခြောက်ဈေးကွက်မှာတော့ ငါးရံ့ခြောက်(အကြီး)က တစ်ပိဿာကို ၁၀၀,၀၀၀ ကျပ်အထိ ပေါက်စျေး ရှိနေပြီး၊ ငါးကွမ်းရှပ်ခြောက်ကတော့ တစ်ပိဿာကို ၄၀,၀၀၀ ကျပ်အထိ ဈေးရရှိနေတာကို တွေ့ရ ပါတယ်။
