July 21, 2026

ဖာပွန်မြို့ မောလော်ကလိုးရွာ အနီးသို့ အာဏာသိမ်းစစ်တပ် တစ်ထောင်ကျော်အင်အားဖြည့်တင်း

The Farmer Times၊ မေလ ၂၁ ရက်၊ ၂၀၂၆

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅) နယ်မြေ၊ မူတြော်ခရိုင်၊ ဖာပွန်မြို့၊ မောလော်ကလိုး ရွာအနီးကို အာဏာသိမ်းစစ်တပ်အင်အား တစ်ထောင်ကျော် ဖြည့်တင်းလာတယ်လို့ ဒေသခံစစ်ရေး သ တင်းရင်းအမြစ်တွေက ပြောပါတယ်။

ကမမောင်းကျေးရွာဘက်က တက်လာတဲ့ အဆိုပါစစ်အုပ်စုဟာ စစ်ကြောင်း (၃) ကြောင်းခွဲပြီး ဆက် လက်ထိုးစစ်ဆင်နေတာကြောင့် ယခုရက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

အင်အား အများအပြားသုံးပြီး အသေခံတက်လာတဲ့ အဲ့ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေလ (၅) ရက်နဲ့  (၆) ရက်နေ့တို့မှာ မြိုင်ကြီးငူကတစ်ဆင့် ကမမောင်းမြို့ကို ဖြတ်သန်းလာခြင်းဖြစ်ပြီး၊ ယခင်က KNLA ရဲ့ ဖြတ် တောက်တိုက်ခိုက်မှုကြောင့် ဝါဒူးကျေးရွာကနေ ရှေ့မတိုးနိုင်တဲ့ အဆိုပါစစ်အုပ်စုမှာ လက်ရှိအချိန်မှာ တော့ ဝါးဒူးကို ကျော်လွန်ပြီး ဖာပွန်မြို့နဲ့ မိုင်(၄၀) နီးပါးအကွာအဝေးကို ရောက်လာတာ ဖြစ်ပါတယ်။

အဆိုပါစစ်ကူစစ်ကြောင်းမှာ နည်းပညာမြင့်တဲ့ လက်နက်ကြီးများ ထည့်သွင်းအသုံးပြုလာသလို ဖာပွန် မြို့ရှိ စစ်အုပ်စုတပ်စခန်းကလည်း ဒရုန်းအင်အားအများအပြား အသုံးပြုနေတာကြောင့် အရပ် သားလူ ထုကိုပါ ထိခိုက်မှုများလာတယ်လို့ မြေပြင်တပ်မှူးတွေက ပြောပါတယ်။

မေလ ၁၉ ရက်နေ့က ၊ ဖာပွန်မြို့အနီး မောထရွာမှာ ဒရုန်းကျရောက်ပြီး ရွာဘုန်းကြီးကျောင်းအတွင်း သတင်းသုံးနေတဲ့ သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင်နဲ့ အရပ်သားအချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် စစ်အုပ်စု စစ်ကြောင်းထိုးမှုကြောင့် လမ်းမကြီးအနီးဝန်းကျင် ကျေးရွာတွေမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖာပွန်မြို့ရှိ စစ်အုပ်စုဗျူဟာကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA နဲ့ တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ (၂) နှစ်ကြာ ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ အာဏာသိမ်းစစ်တပ်ဘက်က အကျအဆုံး များပြားနေတယ်လို့လည်း မြေပြင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.