, , ,

မူးမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ် တပ်စွဲထားသော နေရာ (၂) နေရာအား တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီး (၁) ဦး အပါအဝင် (၆) ဦး ထက်မနည်း သေဆုံး

The Farmer Times၊ မေလ ၂၅ ရက်၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ မူးမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ် တပ်စွဲထားသောနေရာ (၂) နေရာအား တိုက် ခိုက်ခံရပြီးတပ်ကြပ်ကြီး (၁) ဦး အပါအဝင် (၆) ဦး ထပ်မနည်း သေဆုံးခဲ့ကြောင်း မေလ (၂၅) ရက်နေ့..

The Farmer Times၊ မေလ ၂၅ ရက်၊ ၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ မူးမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ် တပ်စွဲထားသောနေရာ (၂) နေရာအား တိုက် ခိုက်ခံရပြီးတပ်ကြပ်ကြီး (၁) ဦး အပါအဝင် (၆) ဦး ထပ်မနည်း သေဆုံးခဲ့ကြောင်း မေလ (၂၅) ရက်နေ့ တွင် KNU-ဗဟိုက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ (၂၂) ရက်နေ့တွင် အာဏာသိမ်းစစ်တပ် စကခ-၂၀ လက်အောက်ခံ ခမရ-၅၈၂ တပ် ရင်းတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲထားသည့် ရွာကြီးအင်းနှင့် တောင်စုကျေးရွာကြားစခန်းကို KNLA တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မေလ (၂၃) ရက်နေ့တွင်လည်း ဘီဗြဲစခန်းဘေးရှိ ထီးလေးထာ နေရာတွင် နေရာ ယူတပ်စွဲထားသည့် ခမရ-၅၈၂၊ ခမရ-၅၈၄ ပူးပေါင်းတပ်အား ဝင်ရောက်စီးနင်း တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အာဏာသိမ်း စစ်တပ်စခန်းများကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ် မဟာ(၃) တပ်ရင်း(၈) မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ တပ်ကြပ်ကြီး (၁) ဦး အပါ အဝင် (၆) ဦး ထပ်မနည်း သေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိခဲ့ကာ မိမိတို့တပ်ဖွဲ့များဘက်မှ အထိအခိုက် မရှိအောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KNU-ဗဟိုက ဆိုသည်။

ထို့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်ထံမှ MA-1 (၆)လက်၊ MA-3 (၄)လက်၊ MA-4 (၁) လက်၊ သံခမောက် (၅) လုံး၊ ကျည်ကာ (၄) စုံ၊ MA-1 ကျည်ဘောက် (၁၅)ခု၊ အီနာကာ MA ခွဲဗုံး(၅) လုံး၊ MA ကျည်ဆံ (၂၀၇)တောင့်၊ M-79 ဗုံးသီး (၁၈)လုံး၊ ခေါက်ဆိုလာ (၁) ချုပ်၊ စကားပြောစက် (၁) လုံးနှင့် ဖုန်း (၁) လုံးတို့ကို သိမ်းယူနိုင်ခဲ့သည်။

(ဓါတ်ပုံ – KNU) – အာဏာသိမ်း အကြမ်းဖက်စစ်တပ်ထံမှ သိမ်းယူရရှိခဲ့သော လက်နက်ခဲယမ်းများ။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed