The Farmer Times၊ မေလ ၂၅ ရက်၊ ၂၀၂၆
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ လယ်မူလား မြို့နယ်၊ ထီးမိုပွာထပ်ခေါကျေးရွာအုပ်စု၊ ဖားကွင်းကျေးရွာအတွင်းကို ပြီးခဲ့တဲ့ မေလ (၂၂) ရက်နေ့ ညနေ (၂း၀၀)နာရီအချိန်က အာဏာသိမ်းအကြမ်းဖက်စစ်တပ်က (Jet Fighter) လေယာဉ်ဖြင့် ပေါင်(၅၀၀) ဗုံး (၂)လုံး လာရောက်ဗုံးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် မူကြိုစာသင်ကျောင်း(၁) လုံး ထိခိုက်ပျက်စီးခဲ့တယ် လို့ KNU က ထုတ်ပြန်ထားပါတယ်။
ယင်းကဲ့သို့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားတဲ့တိုက်ခိုက် မှုတွေကို နေ့စဉ်ရက်ဆက်လုပ်ဆောင်နေတဲ့အတွက် ကော်သူးလေအုပ်ချုပ်မှု နယ်မြေများအတွင်း နေ ထိုင်တဲ့ အရပ်သား ပြည်သူလူထုအနေနဲ့ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့မှုများစွာဖြင့် အသက်ရှင်နေထိုင် နေကြရတယ်လို့ KNU က ထုတ်ပြန်ပြောဆိုထားပါတယ်။
(ဓါတ်ပုံ – KNU )- အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသော ပုံရိပ်။














