, , ,

အာဏာသိမ်းစစ်တပ် နှစ်ပေါင်း(၂၀) ကျော် တပ်စွဲထားတဲ့ ကျောက်လုံးကြီးစခန်းကို KNLA သိမ်းပိုက်

The Farmer Times၊ မေလ ၃၁ ရက်၊ ၂၀၂၆ မြိတ်-ထားဝယ်ခရိုင် တနင်္သာရီချောင်းမကြီးနဘေးရှိ အာဏာသိမ်းအကြမ်းဖက်စစ်တပ် နှစ်ပေါင်း (၂၀) ကျော် တပ်စွဲထားတဲ့ ကျောက်လုံးကြီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်း ပိုက်ရရှိလိုက်တယ်လို့ KNU က မေလ ၃၀..

The Farmer Times၊ မေလ ၃၁ ရက်၊ ၂၀၂၆

မြိတ်-ထားဝယ်ခရိုင် တနင်္သာရီချောင်းမကြီးနဘေးရှိ အာဏာသိမ်းအကြမ်းဖက်စစ်တပ် နှစ်ပေါင်း (၂၀) ကျော် တပ်စွဲထားတဲ့ ကျောက်လုံးကြီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်း ပိုက်ရရှိလိုက်တယ်လို့ KNU က မေလ ၃၀ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါစခန်းဟာ အာဏာသိမ်းစစ်တပ် ခမရ (၄၃၃) တပ်ရင်းက အင်အား ၈၀ ကျော်ဖြင့် ဗျူဟာကာ ကင်းအဖြစ် ပြန်လည်ဝင်ရောက်တပ်စွဲထားတဲ့ တပ်စခန်းဖြစ်ပါတယ်။

အဆိုပါစခန်းကို မေလ ၁၉ ရက်နေ့ ၊ နံနက် ၇ နာရီ အချိန်ကစလို့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အပြင်းအထန် တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး၊ ၁၀ ရက်အကြာ မေလ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန် စခန်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကျေက်လုံးကြီးစခန်းဟာ စစ်ကောင်စီရဲ့ ကမ်းရိုးတန်းတိုင်းစစ် ဌာနချုပ်၊ အမှတ် ၂ ဗျူဟာလက် အောက်ခံတပ်တွေက နှစ်ပေါင်း ၂၀ ကျော်ကြာ အခြေပြုတပ်စွဲခဲ့တဲ့ စခန်းကြီးတစ်ခု ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၄ နဲ့ တော်လှန် ရေးမဟာ မိတ်ပူးပေါင်းတပ်တွေက အာဏာသိမ်းစစ်တပ်ရဲ့ “အောင်သာဝရစခန်း” ကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့စဉ်အတွင်း ယခုသိမ်းပိုက်ရရှိခဲ့တဲ့ ကျောက်လုံးကြီးစခန်းကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြ တာလို့ သိရပါတယ်။

သို့သော်လည်း နောက်ပိုင်းမှာ အဆိုပါစခန်မှာ စစ်ကောင်စီရဲ့ ခမရ ၄၃၃ တပ်ရင်းက အင်အား ၈၀ ကျော်ဖြင့် စစ်ရေးဗျူဟာ ကာကင်းတစ်ခုအနေဖြင့် ပြန်လည်ဝင်ရောက်ကာ အခြေပြုတပ်စွဲခဲ့ခြင်း ဖြစ်တယ်လို့ KNLA က ဆိုပါတယ်။

‎ဓာတ်ပုံ- KNLA

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed