The Farmer Times၊ ဇွန်လ ၃ ရက်၊ ၂၀၂၆
ရန်ကုန်တိုင်းအတွင်းက ဖော်ထုတ်လုပ်ကိုင်မှု မရှိတဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်း ဧက ၆၉၆ ကျော်ကို ပြန်လည်သိမ်းဆည်းသွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ထုတ်ပြန်လိုက်ပါတယ်။
ပြန်လည်သိမ်းဆည်းခံရတဲ့ စာရင်းထဲမှာ မှော်ဘီ၊ မှော်ဝတီ၊ လှည်းကူးနဲ့ တိုက်ကြီးမြို့နယ်တွေက စိုက် ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေအတွက် ခွင့်ပြုထားတဲ့ မြေဧရိယာတွေ ပါဝင်ပြီး ရော်ဘာ၊ သီဟို၊ သရက်၊ မာလကာ၊ ငှက်ပျောနဲ့ နှစ်ရှည်ပင် စိုက်ပျိုးရေး လုပ်ငန်းတွေအတွက် ခွင့်ပြုထားတဲ့ မြေတွေ လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
မြေသိမ်းယူခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လှည်းကူးမြို့နယ်က တောင်ယာလုပ်ကိုင်သူ ခြံသမားတစ်ဦးက “ ကျွန်တော်တို့ကတော့ စိုက်တော့စိုက် နေတာပဲ၊ နှစ်ရှည်ပင်တွေဖြစ်တဲ့ လိမ္မော်၊ ရော်ဘာ၊ သီဟို စိုက်ထားတယ်၊ ကုန်ကြစရိတ် မတတ်သာတော့ နားထားတာ ခြုံရှင်းဖို့တောင် အခုမလွယ်၊ ဒီသ တင်း တွေကြားရင် သူဌေးတွေက လှုပ်မယ် ကစားမယ်၊ အုပ်ချုပ်ရေးပိုင်းနဲ့ ရင်းနှီးသူတွေက လက်တို့ပြီး ဟိုလူ့မြေပြန်သိမ်း၊ ဒီလူ့မြေပြန်သိမ်းမယ် ပြောတာတွေအတိုင်း လိုက်လုပ်တာတွေရှိတယ်။ လယ်ယာ ကိုပြောရင် ရန်ကုန်အနီးတဝိုက်မှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးတွဲလုပ်တဲ့ လယ် မြေတွေ အာဏာသိမ်းပြီးတဲ့နောက် မစိုက်တာတွေရှိတယ်။ သွင်းအားစုတွေ စိုက်ထုတ်ငွေတွေ အဆင်မပြေလို့ပါပဲ” လို့ The Farmer Times ကို ပြောပါတယ်။
သတ်မှတ်စည်းကမ်းချက်တွေနဲ့ အညီ ဖော်ထုတ်လုပ်ကိုင်တာ မရှိတဲ့ မြေဧရိယာတွေကို ဆက် လက်စိ စစ်ပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း စီမံခန့်ခွဲရေး ဗဟိုကော် မတီက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကလည်း စိုက်ပျိုး လုပ်ကိုင်မှု မရှိတဲ့ မြေဧရိယာအချို့ကို ပြန်လည်သိမ်း ဆည်းခဲ့တယ်လို့လည်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုဧရိယာကို သတ်မှတ်ကာလ (၄) နှစ်အတွင်း လုံးဝဖော်ထုတ် လုပ် ကိုင်မှုမရှိတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာ ၄၇၁.၆၆ ဧကနဲ့ တစ်စိတ်တစ်ပိုင်းသာ ဖော်ထုတ် စိုက်ပျိုးထားတဲ့ ဧရိယာ ၂၂၄ဒသမ၆၇ ဧကတို့ကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ကစလို့ လုပ်ပိုင်ခွင့်နဲ့ အသုံးပြုခွင့်တွေ ရုပ်သိမ်းပြီး နိုင်ငံတော်မှ ပြန်လည်သိမ်းဆည်းလိုက်တာလို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။














