, ,

အိန္ဒိယနဲ့ အမေရိကန် စိုက်ပျိုးရေးကဏ္ဍ အဆင့်မြှင့်တင်ဖို့ ဆွေးနွေး

The Farmer Times၊ ဇွန်လ ၅ ရက်၊ ၂၀၂၆ စိုက်ပျိုးရေးကဏ္ဍ၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ တောင်သူလယ်သ မားတွေရဲ့ လူနေမှုဘဝ မြှင့်တင်ရေး အိန္ဒိ ယနဲ့ အမေရိကန်နိုင်ငံတို့ကြားမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်နိုင်ဖို့အ တွက် အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို..

The Farmer Times၊ ဇွန်လ ၅ ရက်၊ ၂၀၂၆

စိုက်ပျိုးရေးကဏ္ဍ၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ တောင်သူလယ်သ မားတွေရဲ့ လူနေမှုဘဝ မြှင့်တင်ရေး အိန္ဒိ ယနဲ့ အမေရိကန်နိုင်ငံတို့ကြားမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်နိုင်ဖို့အ တွက် အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို အမေရိကန်ရဲ့ ထိပ်တန်းစီးပွားရေး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ အမေရိကန်-အိန္ဒိယ စီးပွားရေးကောင်စီ (USIBC) က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ IFFCO ရဲ့ ဥက္ကဋ္ဌ ဒီလစ်ပ်ဆန် ဂါနီ ဦးဆောင်တဲ့ PHD ကုန်သွယ်ရေးနှင့် စက်မှုလက်မှုကောင်စီ (PHDCCI) ကိုယ်စားလှယ်အဖွဲ့က တာ ဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အခုဆွေးနွေးပွဲဟာ နှစ်နိုင်ငံကြား စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီးနက်နက်ရှိုင်းရှိုင်း လုပ် ဆောင်နိုင်မယ့် အဓိပ္ပာယ်ရှိတဲ့ အစပျိုးမှုတစ်ခုဖြစ်ကြောင်း USIBC က ၎င်းတို့ရဲ့ လူမှုကွန်ရက်စာ မျက်နှာမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

အိန္ဒိယနဲ့ အမေရိကန်နိုင်ငံတို့ဟာ လက်ရှိ ကမ္ဘာကြီး ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိုက်ပျိုးရေး စိန်ခေါ်မှုတွေ ကို ဖြေရှင်းနိုင်ဖို့၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာနဲ့ မူဝါဒပိုင်းဆိုင်ရာတွေမှာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေရှည်တည်တံ့မယ့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာအခြေခံ စိုက်ပျိုးရေးစ နစ်တွေ ဖော်ဆောင်ရေး၊ အာဟာရနဲ့ စားနပ်ရိက္ခာဖူလုံရေး၊ သီးနှံအထွက်နှုန်း ကောင်းမွန်ရေးနဲ့ တောင် သူတွေရဲ့ စီးပွားရေး တိုးတက်ကောင်းမွန်လာစေရေး စတဲ့ အရေးကြီး အချက်အလက်တွေကိုလည်း အ သေးစိတ်ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ ခေတ်မီစိုက်ပျိုးရေးနည်းပညာတွေကို လက်တွေ့အသုံးချဖို့ အပါအဝင် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက် တစ်ခုလုံးမှာ ကုန်ထုတ်စွမ်းအား တိုးတက်လာစေမယ့် တီထွင်ဆန်းသစ်တဲ့ နည်းလမ်းတွေ ကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုလို အိန္ဒိယနဲ့ အမေရိကန်တို့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်တာဟာ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိ က္ခာဖူလုံရေး ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့်အပြင်၊ တောင်သူလယ်သမားတွေနဲ့ စိုက်ပျိုးရေးလုပ် ငန်းရှင်တွေအတွက် အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ စိုက်ပျိုးရေးပညာရှင် အသိုင်း အဝိုင်းက သုံးသပ်ကြပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အလျင်အမြန်ပြောင်းလဲနေတဲ့ စိုက်ပျိုးရေး အခြေအနေတွေကြားမှာ ဒီလိုအဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုတွေဟာ နောင်တစ်ချိန်မှာ တောင်သူတွေရဲ့ ဝင်ငွေနဲ့ သီးနှံထုတ် လုပ်မှုကို ပိုမိုအားကောင်းလာစေမယ့် အလားအလာကောင်းတွေပဲ ဖြစ်တယ်လို့ နှစ်နိုင်ငံ တာဝန်ရှိသူ တွေက အသီးသီး ထုတ်ဖော်ပြောဆိုထားပါတယ်။

REF: Amit Deshmukh / USIBC

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed