The Farmer Times၊ ဇွန်လ ၅ ရက်၊ ၂၀၂၆
စိုက်ပျိုးရေးကဏ္ဍ၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ တောင်သူလယ်သ မားတွေရဲ့ လူနေမှုဘဝ မြှင့်တင်ရေး အိန္ဒိ ယနဲ့ အမေရိကန်နိုင်ငံတို့ကြားမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်နိုင်ဖို့အတွက် အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ ကျင်းပခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို အမေရိကန်ရဲ့ ထိပ်တန်းစီးပွားရေး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ အမေရိကန်-အိန္ဒိယ စီးပွားရေးကောင် စီ (USIBC) က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ IFFCO ရဲ့ ဥက္ကဋ္ဌ ဒီလစ်ပ်ဆန် ဂါနီ ဦးဆောင်တဲ့ PHD ကုန်သွယ်ရေးနှင့် စက်မှုလက်မှုကောင်စီ (PHDCCI) ကိုယ်စားလှယ်အဖွဲ့က တာ ဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အခုဆွေးနွေးပွဲဟာ နှစ်နိုင်ငံကြား စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီးနက်နက်ရှိုင်းရှိုင်း လုပ် ဆောင်နိုင်မယ့် အဓိပ္ပာယ်ရှိတဲ့ အစပျိုးမှုတစ်ခုဖြစ်ကြောင်း USIBC က ၎င်းတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
REF: Amit Deshmukh / USIBC














