The Farmer Times သတင်းဌာန၏ “လယ်ယာစီးပွား သတင်းများ ” အပတ်စဉ် ရုပ်သံသတင်းအစီအစဉ်
The Farmer Times၊ ဇွန်လ ၇ ရက်၊ ၂၀၂၆။
ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးနဲ့ စီးပွားရေးကဏ္ဍက ထိပ်တန်းရောက်နေတဲ့ သ တင်းတွေထဲမှာတော့ ပြည်ခရိုင်ထဲက နွေစပါးစိုက်ခင်းတွေထဲမှာ ကြွက်တွေသောင်းကျန်းနေလို့ စိုက်ခင်း အများစုပျက်စီးပြီး၊ ရိတ်သိမ်းလို့မရတဲ့ အခြေအနေနဲ့ တောင်သူတွေ ရင်ဆိုင်နေရတယ်လို့ တောင်သူ တွေက ပြောဆိုလာပါတယ်။
– ကုန်သည်တွေ စျေးကစားနေလို့ ပြည်တွင်းမြေဩဇာစျေး မကျဆင်းတာလို့ ဆန်စပါးအသင်း ဥက္ကဋ္ဌက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
– ခရမ်းချဉ်သီးဈေးက ခူးဆွတ်ခပြန်မရတဲ့ထိ ထိုးဆင်းသွားလို့ စိုက်ခင်းလိုက်စွန့်ပစ်မှုတွေ ပြုလုပ်နေရပါတယ်။
– မေလ ၂၉ ရက်ကနေ ဇွန် ၅ ရက်နေ့အတွင်း အတက်အကျ အနိမ့်အမြင့် ဖြစ်သွားတဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်း သုံးသပ်ချက်များ အပါအဝင် တစ်ပတ်အတွင်း ထူးထူးခြားခြား ဖြစ်ပေါ်ခဲ့တဲ့ “လယ်ယာစီးပွား သတင်းများ” ကို Farmer Times Media က စုစည်းတင်ဆက်ပေးထားပါတယ်။
