July 12, 2026

ခရမ်းချဉ်သီးဈေး ထိုးကျနေလို့ စိုက်ခင်းလိုက် စွန့်ပစ်မှုတွေ ပြုလုပ်နေ

The Farmer Times၊ ဇွန်လ ၈ ရက်၊ ၂၀၂၆

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ ခရမ်းချဉ်သီး တစ်ပိဿာကို ကျပ် ၈၀၊ ၁၀၀ စျေး လောက်ထိ ဆိုးဆိုးဝါးဝါး ကျဆင်းသွားတာကြောင့် စိုက်စရိတ်ပြန်မရဘဲ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အခုရာသီဟာ ရှမ်းပြည်နယ်မှာ ခရမ်းချဉ်သီး လှိုင်လှိုင်ထွက်ရှိတဲ့ ရာသီဖြစ်ပြီး၊ ဈေး ကွက်ထဲကို ခရမ်း ချဉ်သီး ကုန်ချိန်အများအပြား တစ်ပြိုင်နက်တည်း ဝင်ရောက်လာပေမယ့် တိုက်ပွဲတွေနဲ့ လမ်းပန်းဆက် သွယ်ရေး အခက်အခဲတွေကြောင့် ပြည်မစျေးကွက်ကို တင်ပို့နိုင်မှုနည်းပါးပြီး၊ အခုလို စံချိန်တင် စျေး ကျဆင်းသွားတာ ဖြစ်တယ်လို့ ဒေသခံ ကုန်သည်တွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.